International Celebrity: ဆုအတွက်ပြိုင်ဘက်တွေဖြစ်ပေမဲ့ ဂရမ်မီစင်မြင့်မှာ ဖျော်ဖြေကြမယ့် ဘီယွန်းဆေးနဲ့အဒဲလ်

ဒီနှစ်ဂရမ်မီကတော့ ကြည့်ကောင်းမှာ သေချာပါပြီ။

play

 

၂၀၁၇ ခုနှစ် ဂရမ်မီဆုပေးပွဲရဲ့ အကြီးမားဆုံးပြိုင်ဘက်တွေကတော့ ဘီယွန်းဆေးနဲ့ အဒဲလ်ပါပဲ။ ဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ရာမှာ ဘီယွန်းဆေးက ဆုနေရာ ၉ ခုအတွက် ပါဝင်ပြီး ဦးဆောင်နေပါတယ်။  တစ်နှစ်တာအကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံးသီချင်းဆုနဲ့ အကောင်းဆုံးအယ်လ်ဘမ်ဆုတို့အတွက်တော့ အဒဲလ်ရော ဘီယွန်းဆေးပါ လျာထားခံထားရတာမို့ စိတ်လှုပ်ရှားစရာပါပဲ။

play

 

သူတို့နှစ်ဦးလုံးကလည်း ဂရမ်မီဆုပေးပွဲစင်မြင့်မှာ ပါဝင်ဖျော်ဖြေကြဦးမယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။ ၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျင်းပပြုလုပ်တော့မှာပါ။

Source : Just Jared

ဆက်စပ်ဖတ်ရှုရန် -------> ၂၀၁၇ ဂရမ်မီဆန်ခါတင်စာရင်းမှာ စိုးမိုးသွားတဲ့ အဒဲလ်နဲ့ ဘီယွန်းဆေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ