International Celebrity: တရားဝင်ချစ်သူတွေဖြစ်သွားပြီဆိုတဲ့ ဂျနီဖာလိုပက်စ်နဲ့ ဒရိတ်ခ်

ဒီသတင်းကို မပျော်နိုင်သူကတော့ ဒရိတ်ရဲ့ရည်းစားဟောင်း ရီဟားနားပါပဲ။

play

 

ဒရိတ်နဲ့ ဂျနီဖာလိုပက်စ်တို့ ချစ်သူတွေဖြစ်သွားကြပြီဆိုတဲ့ သတင်းဟာ ဟောလိဝုဒ်တစ်ခွင်မှာ ပျံ့နှံ့သွားချိန်မှာ မပျော်ရွှင်နိုင်ဆုံးသူတစ်ယောက်တော့ ရှိပါတယ်။ အဲဒါကတော့ ဒရိတ်ခ်ရဲ့ချစ်သူဟောင်း ရီဟားနားပါပဲ။

ရီရီနဲ့ ဒရိတ်ခ်ဟာ မကြာသေးခင်ကမှ သူတို့ရဲ့အချစ်ဇာတ်မြောကြီးကို အဆုံးသတ်ခဲ့တာဖြစ်ပြီး ဒရိတ်ခ်က သူ့ဘဝသူ ရှေ့ဆက်နေပါပြီ။

"ဂျန်နဲ့ ဒရိတ်ခ်က သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အလုပ်အတူလုပ်နေကြတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုံးကွယ်ထားဖို့ ကြိုးစားတယ်။ တကယ်တေ့ သူတို့တွေ ချစ်နေကြပါပြီ" လို့ သတင်းပေးတစ်ဦးက ပြောပါတယ်။

"သူတို့တွေ ဒိတ်လုပ်တာ သတင်းပတ်အတော်ကြာနေပြီ။ ဂျန်က တကယ့်ကို နစ်မြောနေပြီလို့ သူ့သူငယ်ချင်းတွေက ပြောကြတယ်" လို့ ယင်းသတင်းပေးက ဆိုပါတယ်။

တကယ်တော့ မကြာခင်ကမှ အသက် ၃၀ ပြည့်တဲ့ ဒရိတ်နဲ့ အသက် ၄၇ နှစ်အရွယ် ဂျနီဖာလိုပက်စ်တို့ဟာ အသက် ၁၇ နှစ် ကွာခြားကြပါတယ်။

play

"သူတို့နှစ်ယောက်အတွက် အသက်အရွယ်ကွာခြားချက်က ပြဿနာမဟုတ်ပါဘူး။ သူတို့နှစ်ယောက်အတူနေရတာ ပျေ်တယ်။ အဲဒါက အဓိကပေဲလေ။ ရီဟားနားရဲ့ အသိုင်းအဝိုင်းက ပြောတာကတော့ ဒီကိစ္စအတွက် ရီဟားနားက မပျော်မရွှင်ဖြစ်နေတယ်တဲ့။ မကြာသေးတဲ့လအနည်းကမှ သူတို့နှစ်ယောက် အတူရှိနေခဲ့ကြတာ မဟုတ်လား" လို့ ထိုသူက ဆက်ပြောခဲ့ပါတယ်။

ဂျနီဖာလိုပက်စ်ဟာ ဂီတလောကမှာ ရီဟားနားရဲ့မိတ်ဆွေတစ်ယောက်လည်း ဖြစ်တဲ့အတွက် သူမ ပိုမိုအံ့သြရတယ်လို့လည်း ဆိုပါတယ်။

play

 

ဂျေလိုကလည်း ၄ နှစ်တွဲခဲ့တဲ့ နောက်ခံအကသမား ကက်စပါစမတ်နဲ့ နွေရာသီမှာ ကွဲသွားပြီး ဒရိတ်ခ်က ဆက်လိုက်ပြတ်လိုက်ဖြစ်နေတဲ့ ရီဟားနားနဲ့ ဇာတ်လမ်းကို အောက်တိုဘာလမှာ အဆုံးသတ်ခဲ့တဲ့အတွက် နှစ်ဦးစလုံးဟာ Single တွေသာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ အချိန်အတော်များများကို အတူ ကုန်ဆုံးနေတာ တွေ့ရပြီး ရက်ပါ ဒရိတ်ခ်က Planet Hollywood Resort & Casino မှာရှိတဲ့ ဂျေလိုရဲ့ Las Vegas ရှိုးကို တစ်ပတ်အတွင်းမှာ နှစ်ကြိမ်တိုင်တိုင် သွားခဲ့ပါတယ်။

Look who rolled up to my show tonight to say hi!! @champagnepapi #lovehim #jlovegas #ALLIHAVE

A post shared by Jennifer Lopez (@jlo) on

 

ဂျေလိုက ဒရိတ်ခ်နဲ့ အတူရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်လိုက်ပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ