International Celebrity: ခင်ပွန်းနဲ့အသက်ကွာပေမဲ့ ယောက္ခမတွေရဲ့အချစ်ကိုရရှိတဲ့ ဟန်ဟေဂျင်း

ဖခင်ကွယ်လွန်သွားသူမို့ ခင်ပွန်းရဲ့အဖေကိုပဲ ပိုပြီးတွယ်တာနေရသူပါ။

play

 

ကိုရီးယားမင်းသမီး ဟန်ဟေဂျင်းဟာ သူမထက် အသက် ၇ နှစ်ကျော် ပိုငယ်တဲ့ ခင်ပွန်းကို လက်ထပ်ထားသူပါ။ နာမည်ကြီးဘောလုံးသမား ကီဆန်ယွန်းနဲ့ ဟေဂျင်းတို့က အသက် ၇ နှစ်နဲ့ ၃ လ ကွာပေမဲ့ ယောက္ခမကတွေက သူမကိုချစ်ခင်ကြတယ်လို့ ဟေဂျင်းပြောပါတယ်။

play

 

သူမရဲ့လက်ထပ်ပွဲမတိုင်မီ တစ်နှစ်အလိုမှာ ဖခင်ဖြစ်သူကွယ်လွန်သွားတာကြောင့်လည်း ဆန်ယွန်းရဲ့ဖခင်က မင်္ဂလာပွဲလျှောက်လမ်းမှာ သတို့သမီးဖခင်ကိုယ်စား သတို့သမီးကိုခေါ်ဆောင်ပေးခဲ့ရပါတယ်။ ဆန်ယွန်းရဲ့ မိခင်ကလည်း တက်ကြွပျော်ရွှင်သူတစ်ဦးဖြစ်ပြီး သူမတို့နှစ်ယောက်ဘက်တော်သားဖြစ်ပါသတဲ့။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ