International Celebrity: ဖိုတိုရှော့သုံးပြီး ကန်ဒဲလ်ဂျန်နာရဲ့ဓာတ်ပုံတွေထဲကို ဝင်ရောက်ခဲ့သူ

ပုံတွေက ရယ်စရာကောင်းနေပါတယ်။

play

 

သူ့ကိုယ်သူ ကာဘီဂျန်နာ (Kirbyjenner) လို့ အမည်ပေးထားတဲ့ အင်စတာဂရမ်လူနောက်ဟာ ကန်ဒဲလ်ဂျန်နာလို Follower ၇၀.၈ သန်း မရှိပေမဲ့ ၄ သိန်းခွဲကျော်ဆိုတဲ့ သာမန်လူ အားကျလောက်စရာ Follower အရေအတွက်နဲ့ သူ့ပရိသတ်နဲ့သူ ရှိနေသူဖြစ်ပါတယ်။

play

 

သူ့ကိုယ်သူ 'ဝါသနာရှင်မော်ဒယ်' 'အရာအားလုံးကိုချစ်သူ' စသဖြင့် နာမည်ပေးတတ်တဲ့ ကာဘီဟာ အခုလည်း သူ့ကိုယ်သူ 'ကန်ဒဲလ်ဂျန်နာရဲ့ အမြွှာအစ်ကို' တဲ့။

play

 

အပြောင်အပြက်လုပ်သူဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကာဘီဟာ ကန်ဒဲလ်ရဲ့ ဓာတ်ပုံတွေတိုင်းမှာ တကယ်ပါဝင်နေသလိုထင်အောင် ဖိုတိုရှော့နဲ့ ပြုပြင်နိုင်သူပါ။ သူ့ရဲ့ပုံစံတွေက ရယ်စရာကောင်းနေတာကလွဲလို့ပေါ့။

play

 

ကော့တနီ၊ ကင်မ်၊ ကလိုဝီ၊ ကန်ဒဲလ်၊ ခိုင်လီနဲ့ ကာဘီတို့ရဲ့ ဓာတ်ပုံပေါ့။ အားလုံးက သူ့ကို ဝိုင်းချီထားသယောင်ထင်ရပါတယ်။

 

သူ့ရဲ့ဓာတ်ပုံတိုင်းက ရယ်စရာ သဘောကျစရာ ကောင်းလှတဲ့အတွက် Like သုံးသောင်းကျော် ရရှိခဲ့ပါတတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ