International Celebrity: မိခင်ကို ခရစ္စမတ်ကတ် ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးတဲ့ ဟာပါဘက်ခမ်း

ဟာပါလေးက အရမ်းချစ်စရာကောင်းသူပါ။

play

 

ဗစ်တိုးရီးယားဘက်ခမ်းဟာ သူမရဲ့ ငါးနှစ်အရွယ် သမီးလေးဆီက ရရှိတဲ့ ခရစ္စမတ်လက်ဆောင်ကို ပရိသတ်ကို ပြသခဲ့တာ ဖြစ်ပါတယ်။

play

 

ခရစ္စမတ်မတိုင်ခင် တစ်ရက်အလိုကတည်းက ဟာပါက ခရစ္စမတ်အတွက် အရမ်းတက်ကြွနေပြီလို့လည်း ယင်းကတ်နဲ့အတူ ဗစ်တိုးရီးယားက ရေးသားထားပါတယ်။

 

ဘက်ခမ်းမိသားစုထဲမှာ ခရစ္စမတ်ကို နှစ်သက်တာ ဟာပါတစ်ယောက်တည်း မဟုတ်ပါဘူး။ အသက် ၁၁ နှစ်အရွယ် ခရုစ်ဘက်ခမ်းလေးကလည်း ခရစ္စမတ်အတွက် ပြင်ဆင်နေပုံတွေကို သူ့ရဲ့အင်စတာဂရမ်မှာ တောက်လျှောက် တင်လို့ နေပါတယ်။

ဖခင် ဒေးဗစ်ဘက်ခမ်းနဲ့အတူ ဓာတ်ပုံတွဲရိုက်ပြီး သူတို့ အတူ လျှောက်လည်ကြကြောင်း ခရုစ်က ပြောခဲ့ပါတယ်။

play

 

အဲဒီနောက်မှာတော့ ခရုစ်ဟာ ကမ်းခြေမှာ ရိုက်ကူးထားတဲ့ သူ့ရဲ့ချစ်စဖွယ် ဓာတ်ပုံလေးတစ်ပုံကိုလည်း အင်စတာဂရမ်မှာ တင်ခြ့ပါသေးတယ်။

play

 

ဒီတစ်ပတ်အတွင်းမှာ အမဲသားဟင်းတွေလည်း ချက်ခဲ့ရတဲ့ ဒေးဗစ်ဟာ အနည်းငယ် ပင်ပန်းနေပုံရပြီး ဝီစကီတစ်ခွက်နဲ့ အပန်းဖြေနေပါတယ်။

သားတွေဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းနဲ့ အသက် ၁၄ နှစ်အရွယ် ရိုမီယိုလည်း ရှိသေးတဲ့ ဘက်ခမ်းမိသားစုဟာ အများအားဖြင့် ခရစ္စမတ်ကို အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်ပြီး ရွယ်တူ သားသမီးတွေလည်းရှိတဲ့ ရုပ်သံ စာဖိုမှူး ဂေါ်ဒွန်တို့ မိသားစုနဲ့အတူ ကုန်ဆုံးလေ့ရှိပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ