International Celebrity: ဘယ်သူတွေက ဆန်တာရဲ့ လူဆိုးစာရင်းမှာ ပါဝင်မလဲ

ခရစ္စမတ်ဘိုးဘိုးကြီးက လူဆိုး၊ လူကောင်း ခွဲခြားမှတ်သားသွားမှာပါ။

play

 

ခရစ္စမတ်ဘိုးဘိုးကြီး ဆန်တာကလော့စ်ဟာ ဘယ်သူက ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို သူ့ရဲ့စာအုပ်ထဲမှာ မှတ်သားထားမှာပါ။ ဆန်တာရဲ့ လူကောင်းစာရင်းစာအုပ်ထဲမှာ ပါဝင်ရဖို့ ဆန်တာဆီကို သွားလည်ကြပေမဲ့ အားလုံးကတော့ ကောင်းကောင်းမွန်မွန်နေခဲ့ကြသူတွေ မဟုတ်ပါဘူး။

၁။ မရိုင်ယာကာရီ

play

 

ဒီနှစ်ဟာ မရိုင်ယာအတွက် အတက်အကျတွေများတဲ့ နှစ်တစ်နှစ်ပါ။ ဒါပေမဲ့ ခင်ပွန်းလောင်း ဂျိမ်းစ်ပက်ကာနဲ့ ကွဲလို့ သီတင်းပတ်အနည်းငယ်ကြာရုံပဲ ရှိသေးတယ်၊ ရည်းစားသစ်နဲ့ လူသိရှင်ကြားတွဲလိုက်တာကတော့ မကောင်းလှပါဘူး။ ဒါ့အပြင် သူက ခင်ပွန်းလောင်းပေးတဲ့ စေ့စပ်လက်စွပ်ကိုလည်း ပြန်မပေးချင်ဘူးဆိုတော့ ဆန်တာကတော့ သူ့ကို လူဆိုးစာရင်းမှာ သွင်းလိုက်မှာ သေချာသလောက်ပါပဲ။

၂။ မိုင်လင်းကလက်စ်

play

 

၂၀၁၆ ခုနှစ်ဟာ အဆိုတော် မိုင်လင်းအတွက် အလုပ်များလှတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး ဘီကီနီတွေ အများအပြားလည်း ဝတ်ဆင်ခဲ့ရပါတယ်။ သြဂုတ်လအထိတင် သူမဟာ ဘီကီနီဓာတ်ပုံ ၁၇ ပုံ တင်ပြီးနေပါပြီ။ အဲဒီတော့ သူမဟာ ဆန်တာရဲ့ လူဆိုးစာရင်းထဲမှာ ပါဝင်နိုင်ပါတယ်။

၃။ မိုင်လီဆိုင်းရက်စ်

play

 

ဆန်တာရဲ့ လူဆိုးစာရင်းမှာ နောက်တစ်ကြိမ်ထပ်ဝင်ရဦးမှာပါ။ မိုင်လီလောက် ဆိုးရွားတဲ့သူ မရှိပေမဲ့ ၂၀၁၆ မှာတော့သူမ အတော်လေး ငြိမ်နေပါတယ်။ ဒီနှစ်ထဲမှာ ရည်းစားဟောင်း လီယမ်ဟမ်းဆွက်သ်နဲ့ ပြန်အဆင်ပြေသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ညစ်ညမ်းလှတဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဆေးခြောက်အမြဲ သောက်တတ်တဲ့အတွက် ဆန်တာရဲ့ လူဆိုးစာရင်းစာအုပ်ထဲမှာ ပါဝင်နေဆဲပါပဲ။

၎။ ကင်မ်ကာဒါရှီယန်

play

 

ဒီနှစ်ဟာ ကင်မ်အတွက် လွယ်ကူလှတဲ့ နှစ်တစ်နှစ်မဟုတ်ပါဘူး။ ပါရီမှာ သေနတ်နဲ့ထောက်ပြီး ဓားပြတိုက်ခံရတယ်။ ခင်ပွန်းဖြစ်သူက စိတ်ဓာတ်တွေကျပြီး ဆေးရုံတစ်ပတ် တက်ခဲ့ရတယ်။ ဒါတွေကြောင့် သူမဟာ ဆန်တာရဲ့ လူကောင်းစာရင်းမှာ ပါနိုင်ပါတယ်။ ဒါပေမဲ့ သူမဟာ ကိုယ်လုံးတီး ဓာတ်ပုံအချို့တင်တာတော့ ရှိတာပေါ့။ ဒါပေမဲ့ လူကောင်းစာရင်းမှာတော့ သူမ ပါဝင်လောက်မှာပါ။

၅။ ကော့တနီစတူဒန်

play

 

သရုပ်ဆောင် ကော့တနီစတူဒန်ဟာ သူမရဲ့ နေထိုင်ပုံကြောင့် လူဆိုးစာရင်းမှာ ပါဝင်လုနီးနီးဖြစ်ပေမဲ့ ကိုယ်ဝန်ပျက်ကျသွားတဲ့အတွက် ဒီနှစ်ဟာ သူမအတွက် ဆိုးရွားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ အဲဒီတော့ သူမကို သနားသောအားဖြင့် ဆန်တာက လူကောင်းစာရင်းမှာ ထည့်လောက်ပါရဲ့။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ