International Celebrity: စာကိုယ်တိုင်ရေးပြီး ပရိသတ်ကို ကျေးဇူးတင်ကြောင်းပြောတဲ့ ချယ်ရီ

သူမကို အားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းရေးသားခဲ့တာပါ။

play

 

ကိုယ်ဝန်သည်လေး ချယ်ရီဟာ သူမကို အားပေးတဲ့သူတွေအတွက် သူမကိုယ်တိုင် စာတစ်စောင်ရေးပြီး ကျေးဇူးတင်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။

One Direction အဆိုတော် လီယမ်ပင်းန်နဲ့ သူမရဲ့ ပထမဆုံးကိုယ်ဝန်ကို လွယ်ထားရတဲ့ အဆိုတော် ချယ်ရီဟာ ပွဲတော်ရာသီမှာ ချစ်ခြင်းတရားတွေကို ခံစားနေရပုံပါပဲ။

play

 

"ရှင်တို့ရဲ့ နောက်ထပ်တစ်နှစ် ချစ်ခင်မှုနဲ့ အားပေးမှုကို ကျေးဇူးအများကြီးတင်ကြောင်း ပြောချင်ပါတယ်။ ရှင်တို့က အကောင်းဆုံးပါ" လို့ သူမက ပရိသတ်တွေအတွက် ရေးထားတဲ့စာကို အွန်လိုင်းမှာ တင်ခဲ့ပါတယ်။

ပရိသတ်တွေအတွက် ပျော်စရခရစ္စမတ်နဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ဖို့ သူမက ဆုတောင်းပေးရင်း စာရဲ့အဆုံးမှာ "Love You" လို့ ရေးသား အဆုံးသတ်ခဲ့ပါတယ်။

play

 

ဒီနှစ်ထဲမှာ ချယ်ရီဟာ ခင်ပွန်း ဂျင်းန်ဘန်နာ့ဖာနန်ဒက်စ်နဲ့ ကွာရှင်းမှုကို ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ရပြီး အဆိုတော် လီယမ်ပင်းနဲ့ ကိုယ်ဝန်ကိုလည်း လွယ်ထားရသူပါ။

play

 

အက်ရှလေကိုးလ်နဲ့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ အထိ အိမ်ထောင်ကျခဲ့ကာ ဂျင်းဖာနန်ဒက်စ်နဲ့ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီး ၂၀၁၅ ကုန်ခါနီးမှာ လမ်းခွဲခဲ့တဲ့ ချယ်ရီဟာ နောက်ဆုံးအိမ်ထောင်နဲ့ ကွာရှင်းမှု မပြီးပြတ်ခင်ကတည်းက လီယမ်ပင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။

play

 

သူမထက် အသက် ၁၀ နှစ်ငယ်ပေမဲ့ အစစအရာရာ ဦးစားပေး ချစ်ခင်ပုံရတဲ့ ချစ်သူ လီယမ်ကို ရရှိထားတဲ့ ချယ်ရီဟာ ဒီနှစ်တစ်နှစ်လုံး ပျော်ရွှင်ကျေနပ်နေတာကို မြင်တွေ့ခဲ့ရပြီး အခုတော့ ရှေ့က အိမ်ထောင်နှစ်ဆက်နဲ့တောင် မယူခဲ့တဲ့ ကလေးကို လီယမ်နဲ့ကျမှ ယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ်လောက်တောင် လေးနက်ခိုင်မာလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

Source & Photos : the Sun

လီယမ်နဲ့ ချယ်ရီကို သဘောတူပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ