AD
AD
AD
play

 

ပါရီမှာ ဓားပြတိုက်ခံရပြီးတဲ့နောက် ဆိုရှယ်မီဒီယာကိုမသုံးဘဲ ရပ်ထားတဲ့ ကင်မ်ကာဒါရှီယန်ဟာ အခုတော့ အားလုံးပုံမှန်ပြန်ဖြစ်နေပုံပါပဲ။ သူမဟာ ခရစ္စမတ်ပါတီအတွက် တက်ကြွလို့နေပြီး နှုတ်ခမ်းမှာတောင် အပေါက်ဖောက်လိုက်တာကို မြင်တွေ့ရပါတယ်။

အသက် ၃၆ နှစ်အရွယ် ကင်မ်ဟာ သူမရဲ့မိခင် ခရစ္စဂျန်နာရဲ့ပါတီပွဲကို ညီမဖြစ်သူ ကလိုဝီနဲ့ ပျော်ပျော်ကြီး ဆင်နွှဲနေတာပါ။

play

 

ရွှေရောင်ဝမ်းဆက်နဲ့ ခါတိုင်းလိုပဲ ဆက်စီကျနေတဲ့ ကင်မ်ဟာ လည်ပင်းမှာ Choker လေးကို ဝတ်လို့ နှုတ်ခမ်းမှာ ရွှေကွင်းလေးတပ်ထားကာ နုပျိုလန်းဆန်းနေပါတယ်။

play

 

ကင်မ်ဟာ ညီမဖြစ်သူ ကလိုဝီနဲ့အတူ Snapchat ဗီဒီယိုရိုက်ကူးနေတာဖြစ်ပြီး ဒီပုံတွေကိုတော့ ကလိုဝီကပဲ Snapchat ကနေ မျှဝေခဲ့တာဖြစ်ပါတယ်။

play

 

သူမဟာ ပြီးခဲ့တဲ့လက ပြင်သစ်မြို့တော် ပါရီမှာ ဓားပြတိုက်ခံရပြီးနောက် ဆိုရှယ်မီဒီယာကနေ လုံးဝပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

play

 

သူတို့ရဲ့ညီမထွေးလေး အသက် ၁၉ နှစ်အရွယ် ခိုင်လီကတော့ အစ်မတွေနဲ့အတူ အပြင်မထွက်ဘဲ ဘော်ကြယ်တွေအပြည့်တပ်ထားတဲ့ တစ်ဆက်တည်းဝတ်စံကို ဝတ်လို့ သူမရဲ့သဲနာရီကိုယ်လုံးလေးကိုပဲ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြသခဲ့ပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD