International Celebrity: ပေါ့ပ်အဆိုတော် ဂျော့ခ်ျမိုက်ကယ် အသက် ၅၃ နှစ်မှာ ကွယ်လွန်

Wake Me Up Before You Go-Go သီချင်းကို Westlife အဖွဲ့ကလည်း ပြန်ဆိုဖူးပါတယ်။

play

 

ဗြိတိန်အဆိုတော် ဂျော့ခ်ျမိုက်ကယ်ဟာ ခရစ္စမတ်နေ့မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ရခြင်းအကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဂျော့ခ်ျကွယ်လွန်ကြောင်းကို မိသားစုက ထုတ်ပြန်ကြေညာရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ကွယ်လွန်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပေါ့ပ်အဆိုတော် ဂျော့ခ်ျမိုက်ကယ်ဟာ ၁၉၈၀ - ၁၉၉၀ ခုနှစ်တွေမှာ အတော်ကို နာမည်ကြီးခဲ့သူပါ။ Wake Me Up Before You Go-Go နဲ့ Careless Whisper သီချင်းတွေနဲ့ ဂျော့ခ်ျကို တွဲပြီးသိကြပါတယ်။

  play


ဂျော့ခ်ျသက်ရှိထင်ရှားရှိစဉ်က သူသီဆိုထားတဲ့သီချင်းချပ်ရေပေါင်း သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံး မူးယစ်ဆေးဝါးနဲ့ လုံးပန်းခဲ့တဲ့ဂျော့ခ်ျဟာ အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရဖူးသူပါ။ ၂၀၀၈ ခုနှစ်ကလည်း လန်ဒန်မြို့က အများသုံးအိမ်သာထဲမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်ပူးလက်ကြပ်ဖမ်းဆီးခံရဖူးပါတယ်။

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ