International Celebrity: တစ်ယောက်တည်း ခရီးသွားရတာကြိုက်တဲ့ အလင်းရောင်

ယခုလက်ရှိတော့ တရုတ်ပြည်ကို ရောက်ရှိနေပါတယ်။

play

 

Let's Go အဖွဲ့နဲ့ တရုတ်ပြည်ကို ရောက်ရှိနေတဲ့ အလင်းရောင်က တစ်ယောက်တည်း ခရီးသွားရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။ အမြဲတမ်း ခရီးသွားရင်လည်း တစ်ယောက်လည်း သွားဖြစ်တာ များတယ်လို့ သိရပါတယ်။ သူသွားဖြစ်တဲ့ နေရာတွေကတော့ ဘန်ကောက်၊ စင်ကာပူတို့ကို သွားဖြစ်ပြီး အလင်းရောင်အရမ်းသွားချင်တဲ့ နေရာကတော့ ဒူဘိုင်းကို သွားချင်တယ်လို့ ပြောပါတယ်။

play

 

လက်ရှိမှာ အလင်းရောင်က Travelling to China အစီအစဉ်အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ အလင်းရောင် ကတော့ ဒီနှစ်အတွင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်သလို Crush ဆိုတဲ့ စီးရီးခွေကိုလည်း ထွက်ရှိ ထားသူ တစ်ယောက်ဖြစ်ပါတယ်။

play

 

သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ စီးရီးခွေဟာလည်း ပရိသတ်ရဲ့ အားပေးမှု ရရှိထားတာကို တွေ့ရပါတယ်။ နောက်ထပ် လည်းရိုက်ကူးဖို့ ဇာတ်ကားတွေ လက်ခံထားတယ်လို့ သိရပါတယ်။

Source : 8days Journal

Photo  : အလင်းရောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ