International Celebrity: ကလေးဆေးရုံကို သွားလည်ခဲ့တဲ့ ဆယ်လီနာဂိုးမက်စ်

ခရစ္စမတ်အကြိုနေ့မှာ သွားရောက်ခဲ့တာပါ။

play

 

ယနေ့ခေတ်ကြီးမှာ ဟောလိဝုဒ်လောကသားတွေက ပိုင်ဆိုင်မှုတွေအပေါ် အာရုံစိုက်နေချိန်မှာ ဆယ်လီနာကတော့ လူသားတွေရဲ့နှလုံးသားတွေထဲကို မျှော်လင့်ချက်ရောင်ခြည်တွေ ပြန်လည်ဖော်ထုတ်ဖို့ စိတ်ကူးနေတဲ့သူပါ။

 လပေါင်းများစွာ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် နယ်လည့်ဖျော်ဖြေပွဲကို ရပ်တန့်ကာ ပြန်လည်ထူထောင်ရေးစခန်းကို သွားခဲ့ရတဲ့ ဆယ်လီနာဟာ နိုဝင်ဘာလအတွင်းမှာမှ အမေရိကန်ဂီတဆုပွဲပေးပွဲကို စတင်တက်ရောက်ခဲ့ကာ ပွဲလမ်းသဘင်တွေ သိပ်မသွားဘဲ နေခဲ့ပေမဲ့ ခရစ္စမတ်အကြိုနေ့မှာတော့ ကလေးဆေးရုံကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

play

 

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဆယ်လီနာဟာ တက္ကဆက်ပြည်နယ်၊ Fort Worth ရှိ Cook Children’s Medical Center ကို သွားရောက်လည်ပတ်ပြီး ကလေးတွေကို ပျော်ရွှင်မှုတွေနဲ့ နွေးထွေးမှုတွေ ပေးခဲ့တာပါ။

ယင်းဆေးရုံရှိ ကလေး ၁၄ ဦးထဲက တစ်ဦးက ဆယ်လီနာကို အသည်းစွဲကြိုက်တဲ့သူဖြစ်တဲ့အတွက် သူ့အတွက်တော့ မမေ့နိုင်စရာ နေ့တစ်နေ့ဖြစ်မှာပါ။

play

 

"သူမက ကလေးတွေကို အရမ်းကြင်နာတာပဲ။ မျက်ရည်တောင် ကျတဲ့သူတွေရှိတယ်။ တချို့လူနာတွေအတွက် တော်တော်လေးစိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တယ်။ သူမက အရမ်းကို သဘောကောင်းတယ်။ ဆယ်လီနာက ခရစ္စမတ်မှာ အိမ်ကို မပြန်နိုင်တဲ့ကလေးတွေဆီကို လာပေးတဲ့အတွက် ဆေးရုံကလည်း အရမ်းကို ကျေးဇူးတင်နေတယ်"  လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

ဆယ်လီနာဟာ ကလေးအားလုံးနဲ့ နွေးနွေးထွေးထွေးပွေ့ဖက်လို့ ဓာတ်ပုံတွေ အတူရိုက်ပေးခဲ့ပါသေးတယ်။ ပြီးတော့ ကလေးတွေကို ကွတ်ကီးတွေ ဝေပေးတဲ့အပြင် သူမရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ မက်ဒီဆန်အတွက် အမှတ်တမဲ့ရရှိလိုက်တဲ့ လက်ဆောင်လည်းဖြစ်ပါတယ်။

 

"ဆယ်လီနာက ဒီနေ့ မက်ဒီဆန်ကို လာတွေ့တယ်။ အလုပ်တွေအရမ်းများပေမဲ့ အခုလိုအချိန်ပေးတာကို ချစ်မိတယ်။ ရှယ်ဘီနဲ့ မက်ဒီဆန်က သူ့ရဲ့သီချင်းတွေကို နှစ်ပေါင်းများစွာ နားထောင်လာတာ။ ဒီနေ့ရောက်လာပြီး ကြင်နာမှုကို ပြတာ တကယ့်လက်ဆောင်ကြီးတစ်ခုပါပဲ" လို့ မက်ဒီဆန်ရဲ့မိခင်က ရေးသားခဲ့ပါတယ်။

Source & Photos : Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ