International Celebrity: အော်စကာဆုအတွက် ယှဉ်ပြိုင်ရတာ အဓိပ္ပာယ်မရှိဘူးဆိုတဲ့ မာရီယွန်ကော့တီးလက်

သူမကိုယ်တိုင်လည်း အော်စကာဆုရှင်ဖြစ်ပါတယ်။

play

 

ပြင်သစ်မင်းသမီး မာရီယွန်ကော့တီးလက်ဟာ ဆုပေးပွဲ အခမ်းအနားကြီးတွေလုပ်ပြီး အောင်ပွဲခံကြတဲ့ ဟောလိဝုဒ်ရဲ့အလေ့အထကို နားမလည်နိုင်ဖြစ်နေပါတယ်။

အသက် ၄၁ နှစ်အရွယ် မင်းသမီးဟာ ၂၀၀၈ ခုနှစ်မှာ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးအဖြစ် အော်စကာဆုရခဲ့ဖူးပေမဲ့ ရုပ်ရှင်လောကမှာ ဆုအတွက် ယှဉ်ပြိုင်နေရတာကို မယုံနိုင်ဘူး ဖြစ်နေပါတယ်။

play

 

အပြေးသမားတွေဆိုရင် စမှတ်ကလည်းအတူတူပဲ၊ ပြီးတော့ အပြေး ပြိုင်ပွဲတစ်ခုကို အတူတူပြေးကြတာ။ အဲဒီလိုပြိုင်ပွဲမျိုးကမှ အဓိပ္ပာယ်ရှိသေးတယ်။ ရုပ်ရှင်တွေ၊ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေကြားမှာ ယှဉ်ပြိုင်မှုထားတာကတော့ အဓိပ္ပာယ်မရှိဘူး" လို့ သူမက Total Film မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

play

 

အဆိုတော်  Edith Piaf ရဲ့အတ္ထုပ္ပတ္တိဇာတ်လမ်း La Vie En Rose ရုပ်ရှင်ကားအတွက် မာရီယွန်က အကောင်းဆုံးဇာတ်ဆောင်အမျိုးသမီးဆုကို ရရှိခဲ့တာဖြစ်ပြီး အင်္ဂလိပ်စကားပြောမဟုတ်တဲ့ သရုပ်ဆောင်မှုအတွက် သူမတစ်ဦးတည်းသာ အော်စကာဆုရရှိခဲ့ဖူးပါတယ်။

Source & Photos : Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ