International Celebrity: ပတ်ဘိုဂမ်နဲ့အိုင်ရင်းတို့ စကားပြောတာကို မနာလိုဖြစ်နေတဲ့ ဟေးရီ

ကင်မရာမီးရောင်တွေက ဟေးရီဆီကို ရောက်သွားပါတော့တယ်။

play

 

KBS Entertainment ရဲ့ နှစ်စဉ်ဆုချီးမြှင့်ပေးအပ်ပွဲမှာ အစီအစဉ်တင်ဆက်ပေးခဲ့တဲ့ ပတ်ဘိုဂမ်က Red Velvet အဖွဲ့ဝင်လေး အိုင်ရင်းနဲ့ ရင်းရင်းနှီးနှီးဖြစ်ခဲ့တာကို မနာလိုသူကတော့ Girl's Day အဖွဲ့ဝင် ဟေးရီပါ။

play

 

ပတ်ဘိုဂမ်ကို စင်ပေါ်မှာ ချီးကျူးစကားတက်ပြောခဲ့တဲ့ အိုင်ရင်းက " ဘိုဂမ်က သူနဲ့တွဲဖက်မင်းသမီးတွေနဲ့ဆို အမြဲတမ်း ပြီးပြည့်စုံတယ်လို့ထင်ရတယ်။ ကင်ယူဂျောင်းနဲ့ရော၊ ဒီကိုရောက်နေတဲ့ ဟေးရီနဲ့ရောပဲ။ ပြီးတော့ ကျွန်မနဲ့ Music Bank မှာလည်း အဲ့လိုပဲ" ဆိုပြီး ပြောလိုက်တော့ ကင်မရာမီးရောင်တွေက ဟေးရီဆီကို ရောက်သွားပါတော့တယ်။ ဟေးရီက အစပိုင်းမှာတော့ ပျော်ရွှင်ပြီး နောက်တော့ မနာလိုတဲ့ပုံဆန် ဟန်လုပ်ပြခဲ့ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ