International Celebrity: ဘရစ်တနေစပီးယားစ်သေပြီလို့ သတင်းထွက်ခဲ့တဲ့အတွက် ဆိုနီကုမ္ပဏီတောင်းပန်ချက်ထုတ်

မတော်တဆမှုနဲ့ သေသွားပြီလို့ ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

Sony ကုမ္မဏီရဲ့တွစ်တာအကောင့်ပေါ်မှာ ဘရစ်တနေစပီးယားစ် သေသွားပြီလို့ ရေးသားခဲ့တဲ့အပေါ် ကုမ္ပဏီက ပြန်လည်တောင်းပန်ထားပါတယ်။ အကောင့်ကို ဟက်သွားတဲ့ ဟက်ကာတွေက တင်ခဲ့တာပါ။ ဘရစ်တနေဟာ မတော်တဆမှုနဲ့ သေသွားပြီလို့ ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

ယင်းပို့စ်ကလည်း ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီဇင်ဘာ တတိယပတ်ကစပြီး ဖျော်ဖြေရေးကုမ္ပဏီကြီးတွေရဲ့ တွစ်တာအကောင့်တွေကို ဟက်နေခဲ့တဲ့ OurMine အဖွဲ့ကပဲ ဟက်သွားခဲ့တာပါ။ အကောင့်ဟက်ခံရပြီး သတင်းမှားတွေရေးသွားတဲ့အပေါ် ဆိုနီကုမ္ပဏီက ဘရစ်တနေနဲ့တကွ သူမရဲ့ပရိသတ်တွေကို တောင်းပန်ထားပါတယ်။

Source : THR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ