International Celebrity: ရီဟားနားအကြောင်း ပြောခဲ့တဲ့ ခရစ္စဘရောင်းရဲ့မိခင်

သူတို့နှစ်ယောက်ဇာတ်လမ်းက ပြီးသွားခဲ့ပါပြီ။

 

ခရစ္စဘရောင်းနဲ့ ရီဟားနားတို့ရဲ့ ဇာတ်လမ်းဟာ ပြီးဆုံးသွားပြီဖြစ်ပေမဲ့ ခရစ္စဘရောင်းရဲ့မိခင်ကတော့ ရီဟားနားကို စိတ်ထဲမှာ ရှိနေတုန်းပါပဲ။

ရက်ပါ ခရစ္စဘရောင်းရဲ့မိခင်ဟာ သူမရဲ့သားကို ပေါ့ပ်စတား ရီဟားနားနဲ့ ပြန်လည်အဆင်ပြေဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အနည်းဆုံး နောက်တစ်ကြိမ်လောက်တော့ အဆင်ပြေအောင် ကြိုးစားစေချင်သေးတယ်လို့ ဆိုပါတယ်။

"ရီဟားနားဟာ ခရစ္စရဲ့ဘဝမှာ အချစ်စစ်ဆိုတာကို ဂျွိုက်စ်က သိတယ်။ ရီဟားနားဟာ မိဘအိမ်ကို ခေါ်လာလို့ရတဲ့ မိန်းကလေးအနည်းစုထဲမှာ ပါဝင်တယ်။ သူမလို အမေနဲ့အဆင်ပြေနိုင်တဲ့ မိန်းကလေးက အနည်းစုပဲ ရှိတာလေ။ အမေနဲ့ ဈေးဝယ်ထွက်လို့ရသလို အမေ့ကိုရော အမေ့သားကိုပါ လေးစားမှုရှိတဲ့ မိန်းကလေးမျိုး" လို့ သတင်းပေးတစ်ဦးက ပြောပြခဲ့ပါတယ်။

play

 

သူတို့နှစ်ဦးရဲ့ဇာတ်လမ်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ခရစ္စဘရောင်းနဲ့ ရီဟားနားဟာ အချစ်ကို အမှန်တကယ်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထင်ရလောက်အောင် အဆင်ပြေခဲ့ကြပါတယ်။ ရီဟားနားဟာ ငွေအတွက် ယောက်ျားတစ်ယောက်နဲ့ တွဲတဲ့ မိန်းကလေးမျိုးမဟုတ်ပါဘူး။

Source & Photos : Online

ရီဟားနားနဲ့ ခရစ္စဘရောင်ကို ပြန်အဆင်ပြေစေချင်သလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ