International Celebrity: ဂီတလောကကို ခြေလှမ်းချဖို့ ကြိုးစားခဲ့တဲ့ စူပါမော်ဒယ် စူကီဝါးတားဟောက်စ်

သီချင်းတစ်ပုဒ် ထုတ်ခဲ့ပါတယ်။

ဆူကီဝါးတားဟောက်စ်ရဲ့ Brutally
play

 

ဆူကီဝါးတားဟောက်စ်ဟာ မော်ဒယ်လောကမှာ နာမည်အကြီးဆုံး စူပါမော်ဒယ်တစ်ဦးဖြစ်ပေမဲ့ အဆိုဘက်မှာတော့ စန်းရှိပုံမရပါဘူး။

ဆူကီဟာ Brutally ဆိုတဲ့ ပေါ့ပ်သီချင်းတစ်ပုဒ်ထုတ်ပြီး ဂီတလောကထဲကို ဝင်ဖို့ စတင်ခြေလှမ်းချခဲ့ပေမဲ့ သူမရဲ့သီချင်းခွေဟာ ၈ ပတ်အတွင်း ၂၉၆ ခွေပဲ ရောင်းချခဲ့ရပါတယ်။ အဲဒီထဲမှာ အွန်လိုင်းကနေ Download လုပ်တဲ့အရေအတွက် ၃၅ ကြိမ်လည်း ပါဝင်ပါတယ်။

play

 

"ဆူကီက Top Ten ထဲမှာ ပါဝင်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအရေအတွက်ကိုတော့ သူစိတ်ပျက်တာပေါ့" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

play

 

"သူက ဂီတကို အရမ်းကို စိတ်အားထက်သန်တာ။ မော်ဒယ်လုပ်ရတာထက် သီချင်းစာသားတွေထဲမှာ သူ့ရဲ့အရည်အချင်းကို ပိုထည့်နိုင်တယ်လေ။ ဒါပေမဲ့ ဆူကီအနေနဲ့ တကယ်ပဲ ဒီအလုပ်ကို တည်ဆောက်ချင်ရင် လုပ်စရာတွေ အများကြီးလိုသေးတယ်ဆိုတာ အထင်အရှားပြနေပါပြီ" လို့ ထိုသူက ဆိုပါတယ်။

play

 

ဆူကီဟာ ပြီးခဲ့တဲ့အပတ်က Game of Thrones မင်းသား ရစ်ချက်မက်ဒန်နဲ့ ချစ်သူတွေဖြစ်သွားကြောင်း ဖွင့်ဟခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ