International Celebrity: ကိတ်မစ်ဒယ်တန်ရဲ့လက်မှာ အမြဲလိုလို ဘာလို့ ပလာစတာ ကပ်ထားတာလဲ

ဓာတ်ပုံအတော်များများမှာ တွေ့ရပါတယ်။

play

 

ဗြိတန်တော်ဝင် မင်းသား ဝီလျံရဲ့ကြင်ယာတော် ကိတ်မစ်ဒယ်တန်ဟာ သူမရဲ့ ကျက်သရေရှိလှတဲ့ ရုပ်သွင်နဲ့ ပြင်ဆင်မှုတွေကြောင့် နာမည်ကြီးသူပါ။ ဒါပေမဲ့ သူမဟာ သာမန်လူတွေလိုပဲ မကြာခဏ ဓားရှတတ်ပုံရပါတယ်။

တစ်ကြိမ်တစ်ခါမကဘဲ သူမရဲ့ ဓာတ်ပုံအများအပြားမှာ လက်ချောင်းတစ်ချောင်းမဟုတ် တစ်ချောင်းကို ပလာစတာကပ်ထားတာကို မြင်တွေ့ရပါတယ်။

play

 

ခရစ္စမတ်နေ့မှာ မင်းသမီး ရှားလော့နဲ့အတူ ဘုရားကျောင်းကိုသွားနေတဲ့ ဓာတ်ပုံမှာ သူမရဲ့လက်မထိပ်ကို ပလာစတာကပ်ထားခဲ့ပါတယ်။

play

 

နိုဝင်ဘာလတုန်းက Natural History Museum  ကို တက်ရောက်စဉ် သူမရဲ့ ဘယ်ဘက်လက်မအလယ်မှာ ပလာစတာတစ်ခု ပါနေပါတယ်။

play

 

နိုဝင်ဘာလထဲမှာပဲ Nelson Trust Women's Centre မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာတော့ ပလာစတာက နောက်ထပ်တစ်နေရာ ပြောင်းလဲသွားပြန်ပါတယ်။

play

 

သြဂုတ်လတုန်းက ခင်ပွန်းဖြစ်သူနဲ့အတူ Keech Hospice Care ကို သွားရောက်လည်ပတ်စဉ်မှာတော့ ညာဘက်လက်မကို ပလာစတာကပ်ထားတာပါ။

play

 

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာတော့ ညာဘက်လက်ခလယ်မှာ ပလာစတာတစ်ခု တွေ့ရပြန်ပါတယ်။

play

 

၂၀၀၈ ခုနှစ် ဧပြီလမှာတုန်းကလည်း Bouji နိုက်ကလပ်ကအပြန် သူမရဲ့ ညာဘက်လက်မကို ပလာစတာတစ်ခု ကပ်ထားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ