International Celebrity: မိခင်နဲ့ ချစ်သူကြားက လီယမ်ဟမ်းဆွက်သ်

သူတို့အချစ်ရေးကလည်း အားလုံး အဆင်ပြေနေပုံပါပဲ။

play

 

သြစတြေးလျမင်းသား လီယမ်ဟမ်းဆွက်သ်ဟာ မိုင်လီဆိုင်းရက်စ်နဲ့ စေ့စပ်ပြီးမှ ပြတ်သွားခဲ့ပြီးနောက် ဒီနှစ်ထဲမှာ သူတို့အချစ်ရေး ပြန်လည်အဆင်ပြေသွားခဲ့တာပါ။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ လီယမ်ဟမ်းဆွက်သ်ဟာ မိခင် Leonie နဲ့ ဇနီးလောင်း မိုင်လီတို့ကြားမှာ ထိုင်လို့ ကြည်နူးစရာကောင်းလှတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်ကနေ မျှဝေခဲ့ပါတယ်။

Whatever

A post shared by Liam Hemsworth (@liamhemsworth) on

 

ဓာတ်ပုံထဲမှာ မိုင်လီက မျက်လုံးတွေကို မှိတ်ထားပြီး လီယမ်ရဲ့ပါးပြင်ကို အနမ်းပေးနေကာ လီယမ်ရဲ့မိခင်ကတော့ သားဖြစ်သူရဲ့ ပခုံးပေါ်မှာ မှီထားပါတယ်။

play

 

မိခင်နဲ့ ချစ်သူကြားမှာနေပြီး လန်းဆန်းလှတဲ့ အပြုံးနဲ့ မြင်တွေ့ရတဲ့ လီယမ်ဟာ ဒီဓာတ်ပုံရဲ့အောက်မှာ "ဘာပဲဖြစ်ဖြစ်" ဆိုတဲ့ စာလေးတစ်ကြောင်းကို အပြောင်အပြက်သဘောနဲ့ ထည့်သွင်းထားပါတယ်။

play

 

ဒီနှစ်ဟာ နာမည်ကျော်ရုပ်ရှင်တွေ၊ စေ့စပ်မှုတွေနဲ့ ဟမ်းဆွက်သ်ညီအစ်ကိုတွေအတွက် လှုပ်ရှားမှုများပြားလှတဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။

play

 

လုခ်၊ ခရစ္စနဲ့ လီယမ်တို့ ညီအစ်ကိုတွေဟာ ခရစ္စမတ်နေ့မှာ ကိုယ့်ရဲ့ချစ်သူဇနီးတွေ၊ ကလေးတွေနဲ့အတူ ကျင်းပခဲ့ကြပါတယ်။

play

 

သူတို့မိသားစုဟာ ဝတ်စုံဆင်တူဝတ်လို့ နားနေခန်းထဲမှာထိုင်ကာ မိသားစု ခရစ္စမတ်ဓာတ်ပုံတစ်ပုံကိုလည်း ရိုက်ကူးခဲ့ကြပါသေးတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ