International Celebrity: ဒေးဗစ်ဘက်ခမ်းရဲ့ ရေသူမလေး

ဘက်ခမ်းမိသားစုက မော်ဒိုက်စ်ကို ရောက်နေတာပါ။

play

 

ခရစ္စမတ်အားလပ်ရက်မှာ ဘက်ခမ်းမိသားစုဟာ ဂေါ်ဒန်ရမ်ဆေးတို့ မိသားစုနဲ့အတူ မော်ဒိုက်စ်ကို ရောက်နေခဲ့ပါတယ်။

သမီးထွေးလေးကို အချစ်ပိုလှတဲ့ ဘက်ခမ်းဟာ အသက် ၅ နှစ်အရွယ် သမီးလေး ဟာပါရေကူးနေတဲ့ ဓာတ်ပုံကို မျှဝေရင်း "ကျွန်တော့်ရဲ့ ရေသူမလေး" လို့ ဂုဏ်ယူစွာ စာရေးထားပါတယ်။

My Little Mermaid

A post shared by David Beckham (@davidbeckham) on

 

ဟာပါလေးဟာ အမြီးပါတဲ့ စကတ်လေးကို ဝတ်ရင်း ရေကူးကန်ထဲမှာ ရေသူမတွေနဲ့အတူ ရေကူးနေခဲ့တာဖြစ်ပါတယ်။

play

 

သူမရဲ့အစ်ကို ခရုစ်ကလည်း ဂေါ်ဒန်ရဲ့ အသက် ၁၅ နှစ်အရွယ် သမီး တီလီနဲ့အတူ ရေကူးလို့ ပင်လယ်လိပ်ကြီးတွေနားအထိ ရောက်သွားပုံကို တင်ခဲ့ပါသေးတယ်။

play

 

ခရုစ်ဘက်ခမ်းဟာ မိခင်ဖြစ်သူ ဗစ်တိုးရီးယားနဲ့လည်း ဓာတ်ပုံအတူရိုက်လို့ အင်စတာဂရမ်မှာ ပြန်ပြီး မျှဝေခဲ့ပါတယ်။

play

 

ကလေး ၄ ယောက်ရှိတဲ့ ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာ ခရစ္စမတ်အားလပ်ရက်တွေမှာ သူတို့လိုပဲ ကလေး ၄ ယောက်ရှိတဲ့ မိတ်ဆွေ ရုပ်သံစားဖိုမှူး ဂေါ်ဒန်တို့ မိသားစုနဲ့အတူ အပန်းဖြေလေ့ရှိပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ