International Celebrity: ကင်ယူဂျောင်းကို ရုတ်တရက်ဆေးရုံတင်လိုက်ရ

အရေးပေါ်ခန်းမှာ တင်ပို့ခဲ့ရပါတယ်။

play

 

ဒီဇင်ဘာ ၂၆ ရက်နေ့က ရုတ်တရက်သတိလစ်မေ့လဲသွားတဲ့ မင်းသမီးလေးကင်ယူဂျောင်းကို ဆေးရုံတင်ပို့လိုက်ရပါတယ်။ ဝေဖန်ပုတ်ခတ်မှုတွေ အဆက်မပြတ်ခံလာရတဲ့နောက် စိတ်ဖိစီးမှုတွေကို သီတင်းပတ်ရှည်ကြာ ခံစားခဲ့ရပြီး ယခုလိုသတိလစ်သွားခဲ့တာဖြစ်ပါတယ်။ ယခုသီတင်းပတ်ထဲမှာတင် ဒုတိယမြောက် သတိလစ်သွားခဲ့တာပါ။ ဒါ့ပြင် တုပ်ကွေးလည်း မိနေပါတယ်။

play

 

ယခုသီတင်းပတ်အစက ပွဲတစ်ခုကိုသွားခဲ့စဉ်မှာ ယူဂျောင်းဟာ စင်ပေါ်မှာ ခြေတစ်ချောင်းရှေ့ထုတ်ပြီး လက်သည်းကိုကြည့်နေခဲ့လို့ လူတွေက ဝေဖန်ပြစ်တင်နေကြတာပါ။ သူမရဲ့အပြုအမူအတွက်လည်း ယူဂျောင်းက တောင်းပန်ခဲ့ပါသေးတယ်။ တောင်ကိုရီးယားတွေက မိန်းကလေးတွေဟာ လူမြင်ကွင်းရှေ့မှာ လက်သည်းတွေကိုကြည့်တာကို မယဉ်ကျေးတဲ့အပြုအမူလို့ သတ်မှတ်ကြတယ်လို့လည်း သိရပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ