International Celebrity: မြေးဖြစ်သူကို အပိုင်ရဖို့ ချွေးမလောင်းကို ဒေါ်လာ ၅ သန်းပေးနေတဲ့ ခရစ္စဂျန်နာ

ဘလက်ခ်ချိုင်နာကို ကလေးထားပြီး ထွက်သွားခိုင်းနေတာပါ။

play

 

ခရစ္စဂျန်နာဟာ မြေးဖြစ်သူကို အုပ်ထိန်းခွင့်ရဖို့အတွက် ချွေးမလောင်း ဘလက်ခ်ချိုင်နာကို ဒေါ်လာ ၅ သန်း ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။

ဘလက်ခ်ချိုင်နာဟာ ရော့ဘ်ကာဒါရှီယန်နဲ့ရတဲ့ သမီးငယ် ဒရင်းမ်ကာဒါရှီယန်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း သူတို့စုံတွဲဟာ ရန်ဖြစ်လိုက် ပြတ်လိုက် ပြန်အဆင်ပြေလိုက်နဲ့ လုံးချာလည် လိုက်နေခဲ့ပါတယ်။

play

 

ခရစ္စဟာ သူတို့စုံတွဲရဲ့ ပြတ်လိုက်ဆက်လိုက် ဆက်ဆံရေးကို စိတ်ပျက်နေပြီလို့ သိရပါတယ်။

အဲဒါကြောင့် ခရစ္စက ချိုင်နာကို ကလေးထားခဲ့ပြီး ကာဒါရှီယန်မိသားစုထဲက အပြီးထွက်ခွာသွားဖို့အတွက် ဒေါ်လာ ၅ သန်းနဲ့ ကမ်းလှမ်းနေတာလို့ ဆိုပါတယ်။

play

 

"ဒေါ်လာ ငါးသန်းဆိုတာ ရော့ဘ်ရဲ့ပိုင်ဆိုင်မှု အကုန်ပဲလေ။ ချိုင်နာအနေနဲ့ ခရစ္စရဲ့ကမ်းလှမ်းမှုကို စဉ်းစားသင့်တယ်။ သူ ရော့ဘ်ကို မချစ်တာ အားလုံးသိနေတာပဲ။ အခုချိန်မှာ ငွေယူပြီး သူ့ဘဝကို တည်ဆောက်လို့ ရနိုင်တယ်" လို့ သတင်းပေးက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ချိုင်နာကတော့ ဒေါ်လာ ဘယ်နှသန်းပေးပေး သူမ ဝမ်းနဲ့လွယ်မွေးထားရတဲ့ သားသမီးအရင်းအချာကိုတော့ ရောင်းလိမ့်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ မိခင်စိတ် အပြည့်ရှိသူ ဖြစ်တယ်ဆိုရင်ပေါ့လေ။

play

 

ဘလက်ခ်ချိုင်နာဟာ ရည်းစားဟောင်း တိုင်ဂါ (အခု ခိုင်လီဂျန်နာရဲ့ရည်းစား) နဲ့လည်း သားတစ်ဦး ရထားပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ