International Celebrity: ခရစ္စမတ်နေ့မှာ ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင်များ

ဒီဇင်ဘာ ၂၅ မှာ ကွယ်လွန်သွားတာ ဂျော့ဂ်ျမိုက်ကယ်တစ်ဦးတည်း မဟုတ်ပါဘူး။

play

 

အသက် ၅၃ နှစ်အရွယ် ဂျော့ဂ်ျမိုက်ကယ်ဟာ ခရစ္စမတ်နေ့မှာ ကွယ်လွန်သွားတဲ့အတွက် တစ်ကမ္ဘာလုံး တုန်လှုပ်နေဆဲပဲ။ ဒီလို အထင်ကရ ပွဲတော်ရက်မျိုးမှာ ဆုံးပါးသွားတဲ့ ကမ္ဘာကျော် အနုပညာရှင်ဟာ သူတစ်ဦးတည်း မဟုတ်ပါဘူး။

၁။ ဂျိမ်းစ်ဘရောင်း (၁၉၃၃-၂၀၀၆)

play

 

Godfather of Soul လို့ ခေါ်ကြတဲ့ အဆိုတော် ဂျိမ်းစ်ဘရောင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၆ ခရစ္စမတ်မှာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

နှစ် ၆၀ လောက် ဂီတလောကမှာ ကျင်လည်ခဲ့တဲ့ ဂျိမ်းစ်ဘရောင်းဟာ I Got You သီချင်းရဲ့ ဝက်ဝက်ကွဲအောင်မြင်မှုနဲ့အတူ ၁၉၆၀ ပြည့်နှစ်တွေမှာ အလင်းလက်ဆုံးကြယ်တစ်ပွင့် ဖြစ်ပါတယ်။

၂။ ဒီးန်မာတင် (၁၉၁၇-၁၉၉၅)

play

 

စတိတ်စင်ပေါ်မှာ အကျော်ကြားဆုံးအမေရိကန်ကြယ်တစ်ပွင့်ဖြစ်ခဲ့တဲ့ ဒီးန်မာတင်ဟာ King of Cool ဆိုတဲ့ နာမည်ကိုလည်း ပိုင်ဆိုင်ခဲ့သူပါ။

သူကတော့ ၁၉၉၅ ခုနှစ် ခရစ္စမတ်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။

၃။ ချာလီချက်ပလင် (၁၉၈၉-၁၉၇၇)

play

 

ကမ္ဘာကျော် ဟာသသရုပ်ဆောင်ဖြစ်ပြီး ရုပ်ရှင်လောကရဲ့ အထွန်းလင်းဆုံးကြယ်ပွင့်ဖြစ်ခဲ့တဲ့ ချာလီချက်ပလင်ဟာ အသက် ၈၈ နှစ်အရွယ် ၁၉၆၆ ခုနှစ် ခရစ္စမတ်နေ့မှာ ကြွေလွင့်သွားခဲ့ပါတယ်။

၎။ အာသာကစ်တ် (၁၉၂၇-၂၀၀၈)

play

 

နာမည်ကျော် ခရစ္စမတ်သီချင်း Santa Baby ရဲ့ မူရင်းအဆိုရှင် ဖြစ်ပါတယ်။ သူမကတော့ ၂၀၀၈ ခရစ္စမတ်မှာ ကွယ်လွန်သွားခဲ့တာပါ။

၅။ ဗစ်ချက်စ်နက် (၁၉၆၄-၂၀၀၉)

play

 

အဆိုတော် သီချင်းရေးဆရာ ဗစ်ဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ အယ်လ်ဘမ်ပေါင်း ၁၇ ခုတောင် ထုတ်ခဲ့ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်မှာ အောင်မြင်မှုရရှိခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ ကားအက်စီးဒင့်ဖြစ်ပြီးတဲ့နောက် တချို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အကြောသေသွားခဲ့တဲ့အတွက် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရပါတယ်။

၂၀၀၉ ခုနှစ် ခရစ္စမတ်မှာ အကြောလျော့ဆေးအထိုးလွန်ပြီး သေဆုံးသွားခဲ့တဲ့ ဗစ်ဟာ "သုံးလေးကြိမ်လောက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖူးတယ်" လို့ မသေဆုံးမီ သီတင်းပတ်အနည်းငယ်အလိုက ဝန်ခံခဲ့ဖူးပါတယ်။

၆။ ပီတာဂျက်ဖရေး (၁၉၂၉-၁၉၉၉)

play

 

အင်္ဂလိပ်မင်းသား ပီတာဂျက်ဖရေးဟာ ၁၉၉၉ ခရစ္စမတ်နေ့မှာ သုက်ရည်ဂလင်းကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ