International Celebrity: သားသမီးမရှိတဲ့ ဂျော့ဂ်ျမိုက်ကယ် ပိုင်ဆိုင်ခဲ့တဲ့ ဒေါ်လာ သန်း ၁၂၀ ကို ဘယ်သူတွေဆက်ခံမလဲ

ခေါင်းကိုင်သားသမီးတွေက အမွေဆက်ခံရဖွယ်ရှိပါတယ်။

play

 

ခရစ္စမတ်မှာ နှလုံးရောဂါဖောက်ပြီး သေဆုံးသွားခဲ့တဲ့ အဆိုတော် ဂျော့ဂ်ျမိုက်ကယ်ဟာ ဒေါ်လာ သန်း ၁၂၀ ဝန်းကျင်တန်တဲ့ များပြားလှတဲ့ ငွေတွေနဲ့ ပိုင်ဆိုင်မှုတွေကို ချန်ထားခဲ့ပေမဲ့ အမွေဆက်ခံမယ့် မိသားစုမရှိတဲ့အတွက် သူ့ရဲ့ခေါင်းကိုင်သားသမီးတွေက ဆက်ခံရဖွယ် ရှိနေပါတယ်။

ကမ္ဘာကျော်အဆိုတော်ကြီးဟာ သူ့ရဲ့အနုပညာလောက သူငယ်ချင်းအချို့ရဲ့ သားသမီးတွေရဲ့ ခေါင်းကိုင်ဖခင်အဖြစ် ရှိခဲ့ပါတယ်။

play
Shirlie Holliman နဲ့ Martin Kemp ကလည်း မိုက်ကယ်မိတ်ဆက်ပေးလို့ သိရှိ ချစ်ကျွမ်းဝင်သွားခဲ့ကြတာပါ။

 

အသက် ၅၃ နှစ်အရွယ် မိုက်ကယ်ဟာ သူ့ရဲ့ Wham! အဖွဲ့ဝင် Shirlie Holliman နဲ့ Spandau Ballet အဖွဲ့ရဲ့ဘေ့စ်ဂီတာသမား Martin Kemp တို့ရဲ့ကလေးတွေဖြစ်တဲ့ ရိုမန်နဲ့ ဟာလေမွန်းကမ့်ပ်တို့ရဲ့ ခေါင်းကိုင်ဖခင် ဖြစ်ပါတယ်။

play

 

ဒါ့အပြင် သူ့ရဲ့ boyfriend ဟောင်း ကန်နီဂေါ့စ်ရဲ့ ခေါင်းကိုင်သမီးဖြစ်ပြီး Spice Girl အဖွဲ့ဝင်ဟောင်း ဂါရီဟော်နာရဲ့သမီး ဘလူးဘဲလ်အတွက်လည်း မိုက်ကယ်က ငွေကြေးအနည်းငယ် ချန်ထားခဲ့မယ်လို့ မျှော်လင့်ထားကြပါတယ်။

play
မိုက်ကယ်သေဆုံးသွားခဲ့တဲ့အတွက် ဝမ်းနည်းကြောင်းစာနဲ့ နှစ်ယောက်အတူရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တဲ့ ဂါရီဟော်နာ

 

ဂျော့ဂ်ျမိုက်ကယ်ဟာ ပရဟိတအသင်းအတော်များများကိုလည်း ကာလရှည်ကြာ ထောက်ပံ့နေတဲ့ အလှူရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

မိုက်ကယ်ရဲ့အစ်မတွေဖြစ်တဲ့ မီလန်နီနဲ့ ယွိုင်ဒါ၊ မိုက်ကယ်ရဲ့ boyfreind ဖက်ဒီဖောင်းဝက်စ်နဲ့ သူ့ရဲ့ခေါင်းကိုင်သားသမီးတွေဖြစ်တဲ့ ဝမ်းကွဲညီရဲ့ ကလေးနှစ်ယောက်ဟာလည်း သူ့ရဲ့သေတမ်းစာထဲမှာ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

play

 

မိုက်ကယ်ဟာ ဒီဆယ်စုနှစ်ထဲမှာကိုပဲ မူပိုင်ခွင့်တွေကနေ ငွေကြေးများစွာရသလို သီးသန့်ပါတီနဲ့ ပွဲတွေမှာ ဖျော်ဖြေတဲ့အတွက်လည်း အနုပညာကြေးအမြောက်အမြားရရှိထားသူ ဖြစ်ပါတယ်။

သူ ဆုံးပါးသွားခဲ့တဲ့နေရာဖြစ်တဲ့ အောက်စဖို့ရှိုင်းယားက နေအိမ်၊ လန်ဒန်က တိုက်ကြီး၊ နယူးယော့ခ်နဲ့ ဆစ်ဒနေရှိ ခမ်းနားထည်ဝါလှတဲ့ တိုက်အိမ်ကြီးပါအဝင် သူ့မှာ အနည်းဆုံး အိမ် ၄ လုံး ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ