International Celebrity: အသက် ၉၀ ကျော် ပရိသတ်ကို အိမ်အထိသွားပြီးသီချင်းဆိုပြတဲ့ တေလာဆွစ်

Shake It Off သီချင်းကို acoustic version နဲ့ ဆိုပေးခဲ့ပါတယ်။

play

 

အလှူအတန်းရက်ရောတဲ့ တေလာဆွစ်ဟာ သူမရဲ့ပရိသတ်တွေကိုလည်း စိတ်ပျော်ရွှင်အောင် ဖန်တီးပေးတတ်သူပါ။ ကြိုတင်အသိမဘေးဘဲ သွားရောက်တွေ့ဆုံတာတွေလည်း လုပ်လေ့ရှိပါတယ်။ ခုလည်းပဲ မစ်ဆူရီပြည်နယ်၊ နယူးမက်ဒရစ်မြို့က အသက် ၉၆ နှစ်အရွယ် ပရိသတ်ရဲ့အိမ်ကို သွားရောက်ခဲ့ပါတယ်။

 

ဆိုင်းရပ်စ်ပေါ်တာ အမည်ရှိ အဘိုးဟာ ဒုတိယကမ္ဘာစစ်မှာ စစ်မှုထမ်းခဲ့ဖူးတဲ့ စစ်ပြန်ကြီးလည်းဖြစ်ပြီး တေလာဆွစ်ရဲ့ဖျော်ဖြေမှုကို တွေ့မြင်ခွင့်ရလိုသူဖြစ်ပါတယ်။ တေလာဆွစ်က အဘိုးအိုပေါ်တာအတွက် Shake It Off သီချင်းကို acoustic version နဲ့ သွားရောက်သီဆိုပေးခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း ပေါ်တာရဲ့မြေးက တွစ်တာပေါ်မှာ ပြန်လည်ပြောပြထားပါတယ်။

Source : Just Jared

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ