International Celebrity: သီချင်းတွေဆက်ဆိုပါ့မယ်လို့ ပရိသတ်ကိုကတိပေးလိုက်တဲ့ ပတ်ဘွန်

တွစ်တာကနေ ပြောသွားခဲ့တာဖြစ်ပါတယ်။

play

 

2NE1 အဖွဲ့ ဖျက်သိမ်းလိုက်ပေမဲ့ သီချင်းတွေကို ဆက်ပြီးသီဆိုသွားပါ့မယ်လို့ အဖွဲ့ဝင် ပတ်ဘွန်က ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။ အဖွဲ့ဖျက်သိမ်းတယ်လို့ ကြေညာပြီးနောက် အဖွဲ့ဝင်အသီးသီးက ရှေ့ဆက်မယ့်အစီအစဉ်တွေကို ကြေညာခဲ့ကြပေမဲ့ ပတ်ဘွန်ကတော့ တိတ်ဆိတ်နေခဲ့တာပါ။ သူမရဲ့ ပရိသတ်တွေကလည်း ပတ်ဘွန်သီချင်းမဆိုတော့မှာကို စိုးရိမ်နေခဲ့ကြပါတယ်။

play

 

ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ပရိသတ်တစ်ဦးက ပတ်ဘွန်ကို တွစ်တာကနေ မေးမြန်းခဲ့တဲ့အပေါ် သူမက ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်အဆိုတော်၊ YG အေဂျင်စီရဲ့ ဝန်ထမ်း ၊ စဉ်းစားနေဆဲအခြေအနေ သုံးခုထဲက တစ်ခုကို မေးမြန်းရာမှာ ပတ်ဘွန်က ပထမဆုံးတစ်ခုလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Source : Koreaboo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ