International Celebrity: ကယ်ရီဖစ်ရှားကွယ်လွန်ပြီး တစ်ရက်အကြာ မိခင်ဖြစ်သူ ဒက်ဘီရေးနိုးစ်လည်း ကွယ်လွန်

လော့စ်အန်ဂျလိစ်က ဆေးရုံမှာပဲ တင်ထားပါတယ်။

play
ဒက်ဘီရေးနိုးစ် ငယ်စဉ်က


Star Wars မင်းသမီး ကယ်ရီဖစ်ရှား ကွယ်လွန်ပြီး တစ်ရက်အကြာမှာ မိခင်ဖြစ်သူ ဒက်ဘီရေးနိုးစ်ကို အရေးပေါ် ဆေးရုံတင်လိုက်ရပြီးနောက် ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဒက်ဘီရေးနိုးစ် ကွယ်လွန်ကြောင်းကို သားဖြစ်သူ အတည်ပြု သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကယ်ရီဖစ်ရှာရဲ့မိခင် မင်သမီးကြီး ဒက်ဘီရေးနိုးစ် ကွယ်လွန်


အမေရိကန်မင်းသမီးဟောင်း ဒက်ဘီရေးနိုးစ်ဟာလည်း ဟောလိဝုဒ်မှာ နာမည်ကျော်ကြားသူ ဂန္တဝင်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ဒက်ဘီဟာ လေသင်တုန်းဖြတ်သွားလို့ လော့စ်အန်ဂျလိစ်က ဆေးရုံမှာပဲ တင်လိုက်ရပါတယ်။

play
ဒက်ဘီရေးနိုးစ်နဲ့ ကယ်ရီဖစ်ရှား


သမီးဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို လူမှုကွန်ရက်တွေပေါ်ကနေ အသိပေးခဲ့သလို ကွယ်လွန်သွားကြောင်းကိုလည်း ဖေ့စ်ဘွတ်ပေါ်မှာတင်ကာ ပရိသတ်တွေကို အသိပေးခဲ့တဲ့ ဒက်ဘီဟာ သမီးဖြစ်သူကွယ်လွန်ပြီး တစ်ရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

play
ဒက်ဘီရေးနိုးစ်နဲ့ ကယ်ရီဖစ်ရှား


ကယ်ရီဖစ်ရှားဟာ လေယာဉ်ပေါ်မှာ ရုတ်တရက်နှလုံးရပ်တန့်သွားလို့ ဆေးရုံတင်ထားခဲ့ရာကနေ အင်္ဂါနေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ