International Celebrity: အလှချင်းပြိုင်နေကြတဲ့ ကာဒါရှီယန်နဲ့ ဂျန်နာ ညီအစ်မတစ်သိုက်

အားလုံးဟာာ အလှကိုယ်စီနဲ့ နာမည်ကြီးသူတွေဖြစ်ပါတယ်။

play

 

ကာဒါရှီယန်နဲ့ ဂျန်နာညီအစ်မတွေဟာ ခရစ္စမတ်အကြိုနေ့ ပါတီပွဲမှာ ရိုက်ကူးခဲ့တဲ့ပုံတွေကို မျှဝေခဲ့တာဖြစ်ပါတယ်။

ခရစ္စဂျန်နာရဲ့ သမီး ၅ ယောက်ဖြစ်ပြီး Keeping with the Kardashin ရုပ်သံစတားတွေဖြစ်ကြတဲ့ ကော့တနီကာဒါရှီယန်၊ ကင်မ်ကာဒါရှီယန်၊ ကလိုဝီကာဒါရှီယန်၊ ကန်ဒဲလ်ဂျန်နာနဲ့ ခိုင်လီဂျန်နာတို့ဟာ သူတို့ရဲ့အလှအပ ကောက်ကြောင်းနဲ့ စတိုင်တို့ကြောင့် နာမည်ကြီးသူပါ။

play

 

ကလေး ၃ ယောက်မိခင် အသက် ၃၇ နှစ်အရွယ် ကော့တနီကာဒါရှီယန်ဟာ ဂျက်စတင်ဘီဘာနဲ့လည်း ပတ်သက်ဖူးတဲ့အတွက် နာမည်ကြီးသူဖြစ်ပါတယ်။

ကင်မ်ကာဒါရှီယန်ကတော့ ကမ္ဘာ့တင်ပါးအလှဆုံးဘွဲ့ကို ဂျနီဖာလိုပက်စ်ဆီကနေ လုယူသွားခဲ့သူအဖြစ် ကမ္ဘာကျော်သူဖြစ်ပါတယ်။

play

 

သူတို့ရဲ့ညီမငယ် ကလိုဝီကာဒါရှီယန်ကလည်း အစ်မဖြစ်သူ ကင်မ်လို ကောက်ကြောင်းလှတဲ့အပြင် မြင့်မားတဲ့အရပ်ကြောင့် အမြဲစတိုင်ကျသူအဖြစ် သိထားကြသူပါ။

ခရစ္စဂျန်နာနဲ့ ကိတ်လင်းဂျန်နာတို့ရဲ့ သမီးတွေဖြစ်တဲ့ ကန်ဒဲလ်နဲ့ ခိုင်လီဟာလည်း မတူညီတဲ့ အလှကိုယ်စီနဲ့ ကျော်ကြားသူတွေဖြစ်ပါတယ်။

play

 

ကန်ဒဲလ်ဂျန်နာဟာ ကမ္ဘာ့နာမည်အကြီးဆုံး မော်ဒယ်တစ်ဦးဖြစ်ပြီး ခိုင်လီကတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကာ သူမရဲ့ Kylie Jenner နှုတ်ခမ်းနီဟာ ရောင်းမလောက်အောင်ကို ဖြစ်နေပြီး အသက် ၁၉ နှစ်အရွယ်သာရှိတဲ့ သူမဟာ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာသူတစ်ဦးလည်း ဖြစ်ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ