International Celebrity: ကားထဲမှာ သီချင်းအတူဆိုနေကြတဲ့ ဆယ်လီနာနဲ့ ဂျက်စတင်ဘီဘာ

ဒီလိုသာဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။

play

 

အသက် ၂၂ နှစ်အရွယ် ဂျက်စတင်ဘီဘာနဲ့ အသက် ၂၄ နှစ်အရွယ် ဆယ်လီနာတို့ဟာ အခုလို Carpool Karaoke တစ်ခု အတူတကွ ဖန်တီးကြမယ်ဆိုရင် ဘယ်လိုနေမလဲ။

လက်တွေ့မှာတော့ သူတို့ရဲ့အတိတ်တွေကို ပြန်စဉ်းစားလိုက်မယ်ဆိုရင် ဖြစ်နိုင်ခြေက ၀.၀၀၀၁ ရာခိုင်နှုန်းလောက်သာ ရှိပါလိမ့်မယ်။

 

ဒါပေမဲ့ ဂျေဘီနဲ့ ဆယ်လီနာကို ချစ်တဲ့ ပရိသတ်တစ်ဦးက သူတို့နှစ်ဦးရဲ့ သီးခြား Carpool Karaoke တွေကို ပြန်ပေါင်းကာ နှစ်ယောက်အတူ သီချင်းဆိုနေပုံကို ဖန်တီးလိုက်ပါတယ်။

play

 

သူ့ရဲ့လက်ရာက သေသပ်လှပြီး ဆယ်လီနာက ဂျက်စတင်ရဲ့လက်မောင်းကို ပုတ်လိုက်တဲ့ပုံတောင် ပါပါသေးတယ်။ နှစ်ဦးသား ရယ်မောရင်း သီချင်းတွေ အပြိုင်ဆိုနေကြတာ တကယ်သာဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲနော်။

အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူ ၃ သိန်းကျော်ရှိခဲပါတယ်။

ဒီဗီဒီယိုဖိုင်ကို ဆယ်လီနာလည်း မြင်တွေ့သွားခဲ့ပြီး သဘောတကျနဲ့ ပြုံးခဲ့တယ်လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

Source & Photos : Hollywoodlife

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာကို ပြန်ပြီးအဆင်ပြေစေချင်လား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ