International Celebrity: အမျိုးသားမော်ဒယ်ချောချောလေးနဲ့ ပြုံးပျော်နေတဲ့ ဂျီဂျီဟက်ဒီး

ဖက်ရှင်ကြော်ငြာတစ်ခု ရိုက်ကူးနေတာပါ။

play

 

Tommy Hilfiger ရဲ့အားလပ်ရက်ကြော်ငြာအစီအစဉ်အတွက် ရိုက်ကူးနေတဲ့ ဂျီဂျီဟက်ဒီးဟာ လန်းဆန်းတက်ကြွ ပျော်မြူးနေတာကို မြင်တွေ့ရပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျီဂျီဟက်ဒီးသာ သူမရဲ့ဘေးမှာ ရပ်နေတဲ့ မော်ဒယ်ကောင်လေးဘက်ကိုလှည့်လို့ အနမ်းပေးနေသလို နှုတ်ခမ်းကို စူလို့ ဆက်စီကျကျ ပို့စ်ပေးနေခဲ့ပါတယ်။

play

 

ရွှေရောင်ဝတ်စုံနဲ့ အလှကြီးလှနေတဲ့ ဂျီဂျီဟာ သူမရဲ့မြင့်မားလှတဲ့အရပ်ကို ရွှေရောင်ဒေါက်မြင့်ဖိနပ်နဲ့  ပိုမိုထင်ရှားစေခဲ့ပါတယ်။

တစ်ကိုယ်လုံးရွှေရောင်တောက်နေတဲ့ ဂျီဂျီဟာ ပြင်ဆင်မှုနဲ့ လိုက်ဖက်စွာပဲ ဓာတ်ပုံတွေအားလုံးကို ပေါ့ပါးလွတ်လပ်စွာ ရိုက်ကူးနေခဲ့ပါတယ်။

play

 

မော်ဒယ်ချောချောလေးနဲ့လည်း တရင်းတနှီးရှိနေတဲ့အတွက် သူမရဲ့ချစ်သူ ဇေးမောလစ်အတွက်တော့ မနာလိုစရာများ ဖြစ်နေမလားပါပဲ။

တကယ်လို့ အသက် ၂၃ နှစ်အရွယ် ဇေးမောလစ်ခ်ဟာ သူမကို လက်ထပ်ဖို့ ခွင့်တောင်းလာမယ်ဆိုရင် သူမအနေနဲ့ အဆင်သင့်မဖြစ်သေးဘူးလို့ အသက် ၂၁ နှစ်အရွယ် ဂျီဂျီက ပြောတယ်လို့ သိရပါတယ်။

play

 

One Direction အဆိုတော်ဟောင်း ဇေးမောလစ်ခ်ဟာ Little Mix အဆိုတော် ပယ်ရီအက်ဒ်ဝက်စ်နဲ့ စေ့စပ်ခဲ့ဖူးပြီး ၂ နှစ်အကြာမှာ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ