AD
AD
AD
play

 

အသက် ၅၃ နှစ်အရွယ် ခင်ပွန်းဟောင်း ဘရတ်ပစ်ဟာ ကလေးတွေကို တွေ့ခွင့်ရှိတယ်ဆိုတဲ့ အချက်ကို အသက် ၄၁ နှစ်အရွယ် ဂျိုလီက လုံးဝလက်မခံနိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘရတ်ပစ်အပေါ် အန်ဂျလီနာက အငြှိုးတေးတွေ အရမ်းများ ကြီးနေရော့သလားပါပဲ။ သူမဟာ ခင်ပွန်းဟောင်း ဘရတ်ပစ်ကို ကလေး ၆ ဦးနဲ့ မတွေ့ဖြစ်အောင် အသေအလဲကြိုးစားခဲ့ပြီး ခရစ္စမတ်ကာလမှာတောင် တွေ့ခွင့်မပေးချင်ခဲ့ဘူးလို့ဆိုပါတယ်။

play

 

ဒါပေမဲ့ ကံကောင်းစွာပဲ ဘရတ်ပစ်ဟာ ကလေးတွေကို ခရစ္စမတ်မှာ အိမ်ခေါ်ထားခွင့်ရခဲ့ပါတယ်။

ကလေးအားလုံးကို အတင်းအကျပ်သွားခိုင်းတာမျိုးမဟုတ်ဘဲ အကြီးဆုံး နှစ်ယောက်ဖြစ်တဲ့ မက်ဒေါ့စ်နဲ့ ပက်စ်တို့ဟာ မလိုက်ဘဲနေခဲ့နိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘရတ်ပစ်ဆီ လိုက်သွားလား မသွားဘူးလားဆိုတာကိုတော့ မသိရပါဘူး။

play

 

အဲဒီအတွက်တော့ အန်ဂျလီနာတစ်ယောက် မကျေနပ်နိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

"အန်ဂျလီနာက အဲဒီအတွက် ဒေါသထွက်နေတယ်။ ဒီလိုဖြစ်လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ ကလေးတွေက ဘရတ်ပစ်အိမ်ကို သွားလည်ခွင့်ရှိတယ်လို့ ပြောတော့ သူမက စည်းကမ်းချက်တွေ ပြောင်းလဲဖို့ ကြိုးစားတယ်။ သူမ တော်တော်လေး ဒေါသထွက်သွားတယ်" လို့ သူတို့နှစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ဂျိုလီဟာ ကလေးအားလုံးကို သူမနဲ့ ခေါ်ထားခွင့်ရဖို့ တရားရုံးမှာ လျှောက်ထားပြီး ဘရတ်ပစ်ကတော့ အတူတကွ အုပ်ချုပ်ခွင့်ရဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

Source & Photos : comic

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD