International Celebrity: ၂၀၁၆ ခုနှစ်အတွင်း ဟောလိဝုဒ်မှာဖြစ်ပျက်ခဲ့တဲ့ အရှုပ်တော်ပုံ (၃) ခု

အိမ်ထောင်ရေးအကွဲအပြဲတွေလည်း များတဲ့နှစ်ပါ။

play

 

၁။ ဂျွန်နီဒပ်နဲ့ အိမ်တွင်းအကြမ်းဖက်မှု

မေလတုန်းက ဂျွန်နီဒပ်ရဲ့ဇနီးသည် အမ်ဘာဟတ်က တရားရုံးမှာ ကွာရှင်းခွင့်လျှောက်ထားလိုက်ပါတယ်။ အကြောင်းရင်းကတော့ ဂျွန်နီဟာ သူမကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နာကျင်စေလို့ပါတဲ့။ အမ်ဘာဟတ်ရဲ့ အညိုအမဲစွဲနေတဲ့မျက်နှာကိုလည်း မြင်ခဲ့ကြရပါတယ်။ နစ်နာကြေးအနေနဲ့ အမ်ဘာဟတ်က ဒေါ်လာ ၇ သန်း ရရှိခဲ့ပြီး ရသမျှအားလုံးကိုလည်း လှူဒါန်းလိုက်ပါတယ်။

play

 

၂။ ကာညေးဝက်စ်နဲ့ တေလာဆွစ်

ကာညေးဝက်စ်ရဲ့ Famous သီချင်းထဲမှာ တေလာဆွစ်နဲ့သူနဲ့ လိင်နှီးနှောနေကြတုန်းပဲလို့ ထည့်သွင်းသီဆိုခဲ့ရုံသာမက " အဲဒီကောင်မကို နာမည်ကြီးအောင် ငါလုပ်ခဲ့တာ" လို့လည်း သီချင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ တေလာဆွစ်က ကာညေးကို ပြဿနာရှာနေစဉ်မှာပဲ ကင်မ်ကာဒါရှီယန်က တေလာဆွစ်နဲ့ကာညေးတို့ဖုန်းပြောစဉ် အသံသွင်းထားတာကို ထုတ်ဖော်ခဲ့ပါတယ်။ ဖုန်းပြောစဉ်က တေလာဆွစ်ဟာ သီချင်းစာသားကို ခွင့်ပြုခဲ့တာပါ။ အသံဖိုင်ထွက်ပေါ်လာပြီးနောက် တရားစွဲမယ်ဆိုတဲ့ တေလာဆွစ်လည်း ဘာသံမှမထွက်တော့ပါဘုး။

play

 

၃။ ဘရတ်ပစ်နဲ့ဂျိုလီ

အန်ဂျလီနာဂျိုလီက ဘရတ်ပစ်ထံကနေ ကွာရှင်းခွင့်ရဖို့ ရုံးတော်မှာလျှောက်လိုက်တဲ့သတင်းဟာ ဟောလိဝုဒ်သာမက တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူမရဲ့အဆိုအရ ဘရတ်က မူးယစ်သောက်စားပြီး ကလေးတွေကို ဒေါသတကြီးအုပ်ထိန်းနေတာကြောင့် ကွာရှင်းချင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးတွေက ဂျိုလီကပဲ အုပ်ထိန်းနေပါတယ်။ နှစ်ယောက်လုံးက ကလေးတွေကိုအုပ်ထိန်းခွင့်ရဖို့ ရုံးတော်မှာ အပြန်အလှန်လျှောက်ထားနေကြတုန်းပါပဲ။

Source : Variety

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ