International Celebrity: ကလေးတွေအတွက် ယူနီဆက်နဲ့ပူးပေါင်းလိုက်တဲ့ လီကွမ်ဆူ

ဒီလှုပ်ရှားမှုဟာ ကမ္ဘာတစ်ဝန်းက ကလေးတွေအတွက် နေစရာ၊ ဆေးဝါး၊ ပညာရေးနဲ့ အခြားအရာတွေ ရရှိအောင် ထောက်ပံ့ပေးဖို့ ရည်ရွယ်ပါတယ်။

play

 

တောင်ကိုရီးယားသရုပ်ဆောင် လီကွမ်ဆူဟာ ကလေးတွေအတွက် ရည်ရွယ်ပြုလုပ်မယ့် ယူနီဆက်ရဲ့လှုပ်ရှားမှုတစ်ခုမှာ ပူးပေါင်းပါဝင်လိုက်ပါတယ်။ လီကွမ်ဆူရဲ့အေဂျင်စီဖြစ်တဲ့ King Kong Entertainment က လီကွမ်ဆူပါဝင်သရုပ်ဆောင်နေတဲ့ ဗီဒီယိုကို ထုတ်လွှင့်ပေးခဲ့ပါတယ်။

play

 

#EveryChild လို့ ရေးသားထားတဲ့ စာတမ်းကို ကိုင်ဆောင်ထားတဲ့ ကွမ်ဆူက နှစ်လိုဖွယ်အပြုံးတွေနဲ့အတူ ကလေးတွေအတွက် အကူအညီရအောင် ပြောထားတာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုဟာ ကမ္ဘာတစ်ဝန်းက ကလေးတွေအတွက် နေစရာ၊ ဆေးဝါး၊ ပညာရေးနဲ့ အခြားအရာတွေ ရရှိအောင် ထောက်ပံ့ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ လီကွမ်ဆူသာမက King Kong Entertainment က အခြားအနုပညာရှင်တွေလည်း Every Child လှုပ်ရှားမှုမှာ ပါဝင်ထားတယ်လို့ အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ