International Celebrity: ကွယ်လွန်သူ ကယ်ရီဖစ်ရှားအတွက် နယူးအော်လင်းမြို့ကအလွမ်း

နှလုံးဖောက်ပြန်ပြီး သတိလစ်လဲကျသွားရာက ဆေးရုံမှာ တင်ထားစဉ်အတွင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

play

 

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Star Wars မင်းသမီးကြီး ကယ်ရီဖစ်ရှားကို လွမ်းဆွတ်ခြင်းအထိမ်းအမှတ်နဲ့ Star Wars ပရိသတ်များ စုပေါင်းကာ နယူးအော်လင်းမြို့မှာ စုဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး လူုပေါင်းထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။

play

 

ဖစ်ရှားရဲ့ဇာတ်ရုပ်ဖြစ်တဲ့ Princess Leia ပုံသဏ္ဍန် ဝတ်ဆင်လာကြသူ အမြောက်အများရှိပြီး အခြား Star Wars ဇာတ်ရုပ်တွေပုံစံ ဝတ်ဆင်လာသူတွေလည်း ရှိပါတယ်။ " ဒါဟာ မင်းသမီးလီယာအတွက် ကျွန်တော်တို့ရဲ့ချစ်ခြင်းကို လူမြင်ကွင်းမှာ ထုတ်ဖော်ပြသခြင်းဖြစ်ပါတယ်" လို့ ဦးဆောင်သူ ဘရွတ် အက်သရစ်ခ်ျက ပြောပါတယ်။

play

 

မင်းသမီးကြီး ကယ်ရီဖစ်ရှားဟာ ဒီဇင်ဘာ ၂၃ ရက်က လေယာဉ်ပေါ်မှာ နှလုံးဖောက်ပြန်ပြီး သတိလစ်လဲကျသွားရာက ဆေးရုံမှာ တင်ထားစဉ်အတွင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ဖစ်ရှားကွယ်လွန်ပြီး နောက်တစ်နေ့မှာပဲ မိခင်ဖြစ်သူ ဟောလိဝုဒ်မင်းသမီးကြီး ဒက်ဘီရေးနိုးစ်ကပါ ထပ်မံကွယ်လွန်သွားလို့ သားအမိနှစ်ယောက်လုံးရဲ့ ဈာပနအခမ်းအနားကို တစ်ပေါင်းတည်း ကျင်းပရတော့မှာပါ။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ