International Celebrity: ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အစီအစဉ်တင်ဆက်ကြမယ့် ဝါရင့်မင်းသမီးသုံးလက်

ရွှေကမ္ဘာလုံးဆုပေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

play

 

ရုပ်ရှင်နယ်ပယ်ရဲ့ ကျော်ကြားတဲ့ဆုတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ၇၄ ကြိမ်မြောက် ဆုပေးပွဲအခမ်းအနားမှာ ဟောလိဝုဒ်ရဲ့ ဝါရင့်မင်းသမီးကြီးသုံးလက်က အစီအစဉ်တင်ဆက်ကြမှာကို တွေ့ရတော့မှာဖြစ်ပါတယ်။ ဗြိတိန်သတင်းဌာန Daily Mail ရဲ့ ရေးသားချက်အရ ရီးစ်ဝှစ်သာစပွန်း၊ နစ်ကိုးကစ်ဒ်မန်းနဲ့ ဒရူးဘယ်ရီမိုးတို့ဟာ အစီအစဉ်တင်ဆက်ဖို့ ရွေးချယ်ခံရတဲ့ ဆယ်လီတွေထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။

play

 

ဒါက အပြီးသတ်ရွေးချယ်ထားတာတော့ မဟုတ်သေးပါဘူး။ ဇိုးလ် ဆယ်လ်ဒါနာ၊ ခရစ္စပိုင်း၊ စတားလုံး၊ အက်ဒီရက်ဒ်မိန်း၊ မတ်ဒေမွန်၊ ဂျက်စတင်သားရောက်စ် တို့လည်း အစီအစဉ်တင်ဆက်သူအဖြစ် လျာထားခံရပါတယ်။ ၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ