International Celebrity: လိုချင်တာရဖို့ ခန္ဓာကိုယ်ကို အသုံးချခဲ့တဲ့ ဆယ်လီ (၅) ဦး

ကျော်ကြားမှုဆိုတာ အလွယ်တကူရနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။

play

 

ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ဖို့ဆိုတာ ကံ၊ ဉာဏ်၊ ဝီရိယ သုံးမျိုးစလုံး ရှိဖို့ လိုပါတယ်။ ကမ္ဘာကျော်တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ပါရမီရှိဖို့လည်း လိုအပ်ပြန်ပါသေးတယ်။

ဒါပေမဲ့ သင့်မှာ ပြောပလောက်တဲ့ ပါရမီဓာတ်ခံမရှိဘူးဆိုရင် ဘာလုပ်မလဲ။ ပါရမီရှိပေမဲ့ ကံမရှိဘူးဆိုရင်ရော ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ကိုယ့်မှာ လိုအပ်ချက်တစ်ခုခု ရှိနေပြီဆိုရင်တော့ ကိုယ်လိုချင်တာရဖို့ တစ်ခုခုကို အသုံးချဖို့ လိုအပ်လာပါပြီ။ ဒီအမျိုးသမီးတွေကတော့ သူတို့ရဲ့ ကောာက်ကြောင်းကို အသုံးချပြီး နာမည်ကြီးအောင် လုပ်နိုင်ခဲ့သူတွေ ဖြစ်ပါတယ်။

၁။ ဂျော်ဒန် / ကေတီပရိုက်စ်

play

 

သူမဟာ အစပိုင်းမှာတော့ သူမရဲ့သဘာဝခန္ဓာကိုယ်ကို အသုံးချကာ အပေါ်ပိုင်းဗလာပုံတွေ၊ ဝလစ်စလစ်ပုံတွေနဲ့ နာမည်ရအောင် စတင်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူမလိုချင်တဲ့နေရာတစ်ခုရဖို့ ဒီလောက်နဲ့မဖြစ်ဘူးဆိုတာကို ကေတီပရိုက်စ်တစ်ယောက် သဘောပေါက်ခဲ့ပါတယ်။ သူမဟာ ရင်သားကို ကြီးထွားအောင်လုပ်လိုက်၊ ပြန်သေးအောင်လုပ်လိုက်၊ နောက်ထပ်တစ်ခါ ကြီးလိုက် သေးလိုက် ကြိမ်ဖန်များစွာ ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ အခုဆိုရင် သူမဟာ C Cap ကို ထည့်ထားပြီးဖြစ်ပေမဲ့ ခွဲစိတ်ပြုပြင်တာကို ရပ်ဖို့ စိတ်ကူးတော့ မရှိသေးပါဘူး။ သူမရဲ့ပိုင်ဆိုင်မှုဟာ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၅၅ သန်းကျော်ရှိလာခဲ့ပါတယ်။ သူမဟာ စာအုပ်ရေးသားခြင်း၊ သီချင်းဆိုခြင်းနဲ့ ရုပ်သံအစီအစဉ်တို့မှာ ပါဝင်ခြင်းတို့ပြုလုပ်ကာ မော်ဒယ်လောကမှာ ရလာတဲ့ နာမည်ကို အသုံးချခဲ့ပါတယ်။

၂။ အမ်ဘာရို့စ်

play

 

အမ်ဘာရို့စ်ဆိုတဲ့နာမည်ကို ဘယ်တုန်းကစကြားဖူးတာလဲ။ သူမဟာ အသက် ၁၅ နှစ်အရွယ်မှာ မိဘနှစ်ပါး ကွဲကွာခဲ့ပြီးနောက် Paris ဆိုတဲ့ နာမည်ဝှက်ကို သုံးပြီး ဖော်ချွတ်ပုံတွေနဲ့ စတင်ကာ ဝင်ငွေရှာခဲ့ပါတယ်။ သူမဟာ မော်ဒယ်လောကကို ဝင်ရောက်လို့ သီချင်းဗီဒီယိုတွေ စတင်ရိုက်ကူးရင်း ကာညေးဝက်စ်က သူမကို သဘောကျသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကာညေးဝက်စ်နဲ့ တွဲခဲ့ပြီးတဲ့နောက် သူမကို လူသိများလာတာ ဖြစ်ပါတယ်။ အဲဒီနောက်သူမဟာ ရက်ပါ Wiz Khalifa အပါအဝင် နာမည်ကျော်တွေနဲ့ တွဲခဲ့တဲ့အတွက် လူသိပိုများလာတာ ဖြစ်ပါတယ်။

၃။ အမ်ဘာဟတ်

play

 

အမ်ဘာဟတ်ကိုရော ဂျွန်နီဒက်ပ်နဲ့ မတွဲခင်က လူဘယ်လောက်များများက သိကြလို့လဲ။ သူမဟာ နာမည်ကျော် ရုပ်ရှင်အချို့မှာ တစ်ခန်းနှစ်ခန်း ပါဝင်ရင်း Pirates of the Caribbean မင်းသားနဲ့ တွေ့ဆုံခဲ့တာပါ။ ဂျွန်နီဒက်ပ်ဟာ တွဲလာတာ ကြာပြီဖြစ်တဲ့ အဆိုတော် Vanessa Paradis နဲ့ လမ်းခွဲပြီး အမ်ဘာဟတ်ကို လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် ၂ နှစ်အကြာမှာတော့ ဂျွန်နီဒက်ပ်က အိမ်တွင်းအကြမ်းဖက်မှု ပြုလုပ်တယ်ဆိုပြီး ဟိုးလေးတကြော်ကြော် ပြဿနာတက်ကာ ကွဲကွာခဲ့ကြပါတယ်။

၎။ ကိတ်အက်ပ်တန်

play

ကိတ်အက်ပ်တန်က မော်ဒယ် အဖြစ် နာမည်ကြီးလာတာပါ။ ဒါပေမဲ့ တိတိကျကျ ဆိုရရင်တော့ မော်ဒယ်အများစုနဲ့ မတူတဲ့ ကြီးမားလှတဲ့ ကောက်ကြောင်းတွေကြောင့် နာမည်ကြီးလာတာပါ။ သူမဟာ Sports Illustrated ရဲ့ ရေကူးဝတ်စုံမော်ဒယ်အဖြစ် ပါဝင်ရင်း လူတွေရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။ နာမည်ကျော် မော်ဒယ်တွေဖြစ်တဲ့ ကိတ်မော့စ်နဲ့ ကာရာဒယ်လဗင်းတို့နဲ့ သူမကို ယှဉ်ကြည့်မယ်ဆိုရင် သူမမှာ သူတို့မှာ မရှိတဲ့အရာတွေ ရှိနေတာကို အလွယ်တကူ သင်မြင်တွေ့နိုင်မှာပါ။ သူမဟာ ပိန်ပိန်ပါးပါးမော်ဒယ်တွေ ကြီးစိုးတဲ့ ဖက်ရှင်လောကမှာ သူမရဲ့ခန္ဓာကိုယ်အလှကို အသုံးချလို့ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

၅။ ကင်မ်ကာဒါရှီယန်

play

 

အခုအချိန်မှာ နာမည်အကြီးဆုံး ဆယ်လီတစ်ယောက်ဖြစ်ပေမဲ့ ကာညေးဝက်စ်နဲ့ လက်မထပ်ခင်က သူမကို သိသူ သိပ်မရှိလှပါဘူး။ သူမဟာ ကာညေးပိုင်ဆိုင်တဲ့ ငွေတွေကို မျှဝေပိုင်ဆိုင်နိုင်ခဲ့သလို သူမကိုယ်တိုင်လည်း ငွေတွေ သောက်သောက်လဲဝင်အောင် ရှာဖွေနိုင်ခဲ့ပါတယ်။ သူမရဲ့မိသားစု Reality show က သူမကို ပိုမိုနာမည်ကြီးအောင် ပံ့ပိုးပေးခဲ့တာဖြစ်ပေမဲ့ သူမ အဓိကနာမည်ကြီးရတဲ့အကြောင်းရင်းက ဘာပါရမီမှ ရှိလို့မဟုတ်ဘဲ သူမရဲ့ ကောက်ကြောင်းကြောင့်ဆိုတာ ငြင်းမရပါဘူး။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ