ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာဗလီဟေးလ်ရှိ Beverly Hilton ဟိုတယ်မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဟောလိဝုဒ်မင်းသမီးချောလေး အမ်မာစတုန်းဟာ La La Land ဒါရိုက်တာ ဆုရှိစဉ်မှာ ဂုဏ်ပြုတဲ့အနေနဲ့ ပွေ့ဖက်ဖို့ကြိုးစားပေမဲ့ အရာရာက မှားယွင်းသွားခဲ့ပါတယ်။ မှားတာကမှ ဆိုးဆိုးရွားရွားကြီးကို မှားသွားတာပါ။
အမ်မာစတုန်းဟာ ဒါရိုက်တာ Damien Chazelle ကို ပွေ့ဖက်ဂုဏ်ပြုဖို့ ကြိုးစားစဉ် တစ်ချိန်တည်းမှာပဲ Chazelle က သူ့ရဲ့ရည်းစားနဲ့ ဖက်လိုက်တဲ့အတွက် အမ်မာ့အတွက် ကြောင်တောင်တောင်နိုင်သွားခဲ့ပါတယ်။
အဲဒီအချိန်မှာ အမ်မာရဲ့ပါးစပ်က "ကြောင်တောင်တောာင် နိုင်လိုက်တာ (That was weird)" လို့ ပြောလိုက်တယ်လို့ ယူဆရပါတယ်။
အဲဒီအချိန်ကျမှ Damien တို့စုံတွဲက သတိထားမိသွားပြီး အမ်မာစတုန်းကို အားနာသွားကြမျက်နှာတွေနဲ့ ကြည့်လိုက်ကြကာ အမျိုးသမီးက အမ်မာ့ရဲ့လက်မောင်းကို လှမ်းကိုင်ကာ ဆောရီးလို့ ပြောလိုက်တာကို မြင်တွေ့ရပါတယ်။
အမ်မာစတုန်းဟာ La La Land ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
Source & Photos : Huffington