International Celebrity: ဓာတ်ပုံရိုက်ဖို့ ပို့စ်အပေးကောင်းလို့ အတွင်းခံပေါ်သွားရတဲ့ အမ်မလီ

ဂါဝန်ကို မတော်တဆနဲ့ လှန်လိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။

play

 

မော်ဒယ်နဲ့ သရုပ်ဆောင် အမ်မလီရက်တက်ကောင်းစကီဟာ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ပါတီပွဲကို ပေါင်ရင်းအထိ ခွဲထားတဲ့ ရွှေရောင်ဂါဝန်ရှည်ကြီးနဲ့ ကျက်သရေရှိရှိ လှပနေခဲ့တာ ဂါဝန်ကို သူမ ဖြန့်မကိုင်ခင်အချိန်အထိပါပဲ။

အမ်မလီဟာ ပါတီပွဲကို စတိုင်ကျကျနဲ့ ရောက်လာခဲ့ပြီး ဓာတ်ပုံအရိုက်ခံခဲ့တာပါ။ ဒါပေမဲ့ ပို့စ်ပေးရင်းနဲ့ သူမရဲ့ဂါဝန်တစ်ဖက်ကို မလိုက်တာမှာ အတွင်းခံဘောင်းဘီ မတော်တဆ ပေါ်သွားခဲ့တဲ့အတွက် မျက်နှာလေး ရဲသွားခဲ့ရပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ် အမ်မလီဟာ သူမရဲ့ရှည်လျားလှတဲ့ ရွှေရောင်ဂါဝန်ကြီးအောက်က အသားရောင်အတွင်းခံဘောင်းဘီလေးကို လှစ်ဟပြမိလိုက်ပါတယ်။

အမှတ်တမဲ့ဖြစ်သွားတဲ့ ဒီဖြစ်ရပ်ကြောင့် သူမမှာ အိနြေ္ဒကို ထိန်းဖို့အတွက် အတော်လေး ပြာယာခတ်သွားခဲ့ရရှာပါတယ်။

play

 

တကယ်တော့ အမ်မလီဟာ ကော်ဇောနီပေါ်မှာ အဝတ်အစားဝတ်တာ ရဲတင်းတဲ့အတွက် နာမည်ကြီးသူတစ်ယောက်ပါ။ သွယ်လျတဲ့ သူမရဲ့ကိုယ်လုံးအလှကို ဖော်ပြရတ သဘောကျတတ်ပေမဲ့ ဒီဖြစ်ရပ်ကတော့ သူမ ရည်ရွယ်လုပ်ဆောင်တာမဟုတ်တဲ့အတွက် ရှက်ရွံ့သွားခဲ့ရတာ ဖြစ်ပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ