play

 

ကန်ဒဲလ်နဲ့ ခိုင်လီညီအစ်မနှစ်ယောက်ဟာ ၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ပါတီပွဲကို အတူတက်ရောက်ခဲ့ကြပါတယ်။

ညီအစ်မနှစ်ယောက်ဟာ ဇန်နဝါရီလ ၈ ရက်ညမှာ တက်ရောက်ပြီး နှစ်ယောက်တွဲ ဓာတ်ပုံတွေတင်ကာ "date night" လို့ အမည်ပေးခဲ့ပါတယ်။

sister date

A post shared by Kylie (@kyliejenner) on

 

အသက် ၁၉ နှစ်အရွယ် ခိုင်လီဟာ တလက်လက်တောက်နေတဲ့ ငွေရောင်ဂါဝန်ကို ရတနာတွေစီခြယ်ထားတဲ့ လည်ပတ်နဲ့ တွဲဝတ်လို့ တစ်ကိုယ်လုံး ဖိတ်ဖိတ်လက်နေခဲ့ပါတယ်။ရင်နှစ်မြွှာပေါ် တင်ရုံလေးသာ တင်ထားတဲ့ သူမရဲ့ဂါဝန်ကို ကြည်ခြင်းအားဖြင့် ခိုင်လီဟာ သူမရဲ့အပေါ်ပိုင်းအလှကို အဝတ်အစားတစ်ထပ်တည်းနဲ့ ဖော်ပြထားတယ်ဆိုတာသိသာလှပါတယ်။

play

 

သူမရဲ့အစ်မ အသက် ၂၁ နှစ်အရွယ် စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာကတော့ ကြေးနီရောင်ဂါဝန်လေးကို ရွေးချယ်ထားပြီး ဆံပင်ကိုတော့ ညီအစ်မနှစ်ယောက် ဆင်တူ ထိပ်မှာ ချည်နှောင်ထားကြပါတယ်။

ညီအစ်မနှစ်ဦးဟာ နှစ်ယောက်တည်း ပျော်ရွှင်နေကြသလို ပါတီပွဲမှာ ပီဇာအတူစားရင်းလည်း ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

play

 

ခြေချိတ်ထိုင်လို့ နှစ်ယောက်အတူ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာတော့ ခိုင်လီရဲ့ ကလေးဘဝက ရခဲ့တဲ့ အမာရွတ်ကြီးတစ်ခုကို မြင်တွေ့ရပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video