International Celebrity: ချိုင်းမွေးမရိတ်ဘဲ ရွှေကမ္ဘာလုံးဆုပေးပွဲတက်လာတဲ့ မင်းသမီး

ဇာတ်ကောင်စရိုက်အရ ထားတာလို့ မင်းသမီးက ဆိုခဲ့ပါတယ်။

play

 

အသက် ၂၇ နှစ်အရွယ် မင်းသမီး လိုလာကာ့ခ်ဟာ သရီးဒီပန်းပွင့်ဒီဇိုင်း ဂါဝန်လေးနဲ့ ဒဏ္ဍာရီထဲက မင်းသမီးတစ်ပါးလို လှပနေခဲ့ပြီး ရိုးရှင်းလှတဲ့ မိတ်ကပ်အပြင်အဆင်လေးနဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်လာခဲ့ပါတယ်။

play

 

တခြားဟောလိဝုဒ်မင်းသမီးတွေ အားလုံးမှာ ဒီပွဲအတွက် တစ်ကိုယ်လုံး ဖယောင်းသွင်းဖို့အတွက် ရက်အနည်းငယ် အချိန်ပေးခဲ့ရပေမဲ့ အဲဒီထဲမှာ လိုလာတစ်ယောက်တော့ ပါဝင်ခဲ့ပုံမရပါဘူး။

လိုလာဟာ ချိုင်းမွေးရိတ်မလာရုံသာမက ဖုံးကွယ်ဖို့လည်း စိတ်ကူးမရှိဘဲ ပခုံးပျောက်ဂါဝန်ကို ဝတ်ဆင်လာခဲ့တာပါ။

The Mozart in the Jungle ဇာတ်လမ်းတွဲ မင်းသမီးဟာ အဲဒီဇာတ်ကားထဲက ဇာတ်ကောင်အတွက် အပေအတေစတိုင်ကို ထားတာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးပါတယ်။

play

 

"အဲဒီမှာ ကျွန်မက ဟစ်ပီအိမ်ရှင်မလိုမျိုး သရုပ်ဆောင်ရတယ်။ အဲဒီတော့ သူက ချိုင်းမွေးလည်း ရိတ်ချင်မှရိတ်မှာလေ။ ဒါပေမဲ့ သူတို့က ကျွန်မကို ချိုင်းပြတ်ဝတ်စုံ ဝတ်ခိုင်းတယ်။ အဲဒီတော့ ကျွန်မက ဒါရိုက်တာကို ချိုင်းမွေး ရိတ်မထားကြောင်း ပြောလိုက်တယ်။ ဇာတ်ကောင်က ချိုင်းမွေးရိတ်မယ်ထင်လို့လား။ ကျွန်မကတော့ မထင်ဘူးလို့ ပြောလိုက်တော့ သူက ကျွန်မချိုင်းတွေကို ပြခိုင်းတယ်" လို့ လိုလာက ပြောပြပါတယ်။

ဒါရိုက်တာက သူမရဲ့ချိုင်းတွေကို သေချာကြည့်ပြီးတဲ့နောက် "သူ ချိုင်းမွေးတွေ ရိတ်မယ်လို့ ငါထင်တယ်" လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူမက ချိုင်းမွေးတွေ ထားသင့်ကြောင်း ဆက်ပြီး အကြောင်းပြခဲ့တဲ့အတွက် ဒါရိုက်တာက နောက်ဆုံးမှာ လက်ခံလိုက်တယ်လို့ လိုလာက ပြန်ပြောပြခဲ့ပါတယ်။

Source & Photos : Mirror

ရွှေကမ္ဘာလုံးဆုပေးပွဲကို ချိုင်းမွေးမရိတ်ဘဲ တက်လာတဲ့ လိုလာကာ့ခ်
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ