International Celebrity: ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခံရမှု သံသယရှိသူ ၁၆ ဦးကို ပြင်သစ်ရဲ ဖမ်းဆီး

ဖမ်းဆီးမှုအများစုဟာ ပါရီမြို့နယ်မြေအတွင်းမှာ ဖြစ်ပါတယ်။

play


Reality TV စတား ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ ပါရီမြို့ရှိ တိုက်ခန်းမှာ ကင်မ်ကာဒါရှီယန်ကို လူဆိုးဂိုဏ်းဝင်တွေက သေနတ်ထောက်ပြီး အမေရိကန်ဒေါ်လာ ၉.၅ သန်း တန်ဖိုးရှိ လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ပါတယ်။

ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခံရမှုနဲ့ ပတ်သက်ပြီး လူ ၁၆ ဦးကို ဖမ်းဆီး


ရဲတပ်ဖွဲ့က ပါရီမြို့အပါအဝင် ပြင်သစ်နိုင်ငံ နေရာဒေသအချို့မှာ ယနေ့ (ဇန်နဝါရီ ၉ ရက်) စီးနင်းမှုအတွင်း ၎င်းတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အများအပြားဟာ အသက် ၅၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူတွေအနက် အမျိုးသမီး ၃ ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

play


မျက်နှာဖုံးစွပ်ထားတဲ့ ဓားပြတိုက်သူတွေဟာ ယမန်နှစ် အောက်တိုဘာ ၃ ရက်က ဇိမ်ခံတိုက်ခန်းမှာ ကင်မ်ကာဒါရှီယန် အိပ်ပျော်နေစဉ် သူမရဲ့အခန်းကို ဝင်ရောက်ခဲ့ကာ သေနတ်ထောက်ပြီး လက်စွပ်တစ်ကွင်းနဲ့ အခြား လက်ဝတ်ရတနာတွေကို ယူသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောထားပါတယ်။ ဓားပြတိုက်သူတွေက စက်ဘီးစီးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဓားပြတိုက်ခံရမှုအကြောင်း ဖွင့်ဟခဲ့သည့် ကင်မ်ကာဒါရှီယန်


ရဲတပ်ဖွဲ့က ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခံရမှုနဲ့ ပတ်သက်ပြီး ယနေ့ ဖမ်းဆီးမှုအများစုဟာ ပါရီမြို့နယ်မြေအတွင်းမှာ ဖြစ်ပါတယ်။ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တဲ့ တိုက်ခန်းနေရာမှ DNA သဲလွန်စများဖြင့် ခြေရာခံပြီးနောက် သံသယရှိသူတွေ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

play
ကင်မ်ကာဒါရှီယန် ဓားပြတိုက်မှု ဖြစ်ခဲ့သည့် တိုက်ခန်း


လက်ရှိမှာ ၎င်းတို့ကို စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းထားကြောင်း သိရပါတယ်။ ဓားပြတိုက်ခံစဉ်က ကင်မ်ကာဒါရှီယန်ဟာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သူမရဲ့ သတင်းထုတ်ပြန်ရေး ကိုယ်စားလှယ်က ပြောပါတယ်။

play
ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခံရမှုကို သရုပ်ဖော်ရေးဆွဲထားသည့်ပုံ


ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခံရမှုဟာ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုအများဆုံး မြို့တစ်မြို့မှာ နာမည်ကြီး ဆယ်လီတစ်ဦး ဓားပြတိုက်ခံရမှု ဖြစ်တာကြောင့် ကမ္ဘာ့ထိပ်တန်းသတင်းလည်း ဖြစ်ခဲ့ပါတယ်။
Source & Photo: AP, Daily Mail, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ