International Celebrity: အနမ်းခြွေခဲ့ကြတဲ့ အန်ဒရူးဂါဖီးဒ်နဲ့ ရိုင်ယန်ရေးနိုး

ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မြင်တွေ့ရတပါ။

Golden Globesမှာ အနမ်းခြွေနေတဲ့ ရိုင်ယန်ရေးနိုးနဲ့ အန်ဒရူးဂါဖီးလ်
play

 

အသက် ၃၃ နှစ်အရွယ် ဟောလိဝုဒ်မင်းသား အန်ဒရူးဂါဖီးဒ်ဟာ ရည်းစားဟောင်း အမ်မာစတုန်း ရွှေကမ္ဘာလုံးဆုရလိုက်ချိန်မှာ ရိုင်ယန်ရေးနိုးရဲ့ ဂရုစိုက်မှုကို ရရှိခဲ့ပါတယ်။

play

 

ဇန်နဝါရီလ ၈ ရက်နေ့ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာဗလီဟေးလ်မှာ ကျင်းပတဲ့ ၂၀၁၇ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရိုင်ယန်ဂေါ့စလင်းက အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆုကို တက်ရောက်ယူနေစဉ်မှာ အသက် ၄၀ အရွယ် ရိုင်ယန်ရေးနိုးနဲ့ အန်ဒရူးဂါဖီးဒ်တို့ဟာ နှုတ်ခမ်းချင်း အနမ်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

တခြားသူတွေနဲ့အတူ သူတို့နှစ်ယောက်နဲ့ တစ်စားပွဲထဲထိုင်နေတဲ့ ရိုင်ယန်ရေးနိုးရဲ့ဇနီး ဘလိတ်ခ်လိုက်ဗလီဟာ အဲဒီဖြစ်ရပ်ကို ကြည့်ပြီး ရယ်မောနေခဲ့ပါတယ်။

အန်ဒရူးဂါဖီးဒ်နဲ့ ရိုင်ယန်ရေးနိုးတို့ နှစ်ယောက်ဟာ တစ်ယောက်ခေါင်းကို တစ်ယောက်က ကိုင်လို့ အင်အားအပြည့်နဲ့ အနမ်းပေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

Spider-Man မင်းသား အန်ဒရူးဟာ အမ်မာစတုန်းနဲ့ ၄ နှစ်တာ ပြတ်လိုက်ဆက်လိုက်ဖြစ်နေခဲ့ပြီး အောက်တိုဘာလမှာ လမ်းခွဲလိုက်ကြပေမဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မေတ္တာမပျက်ရှိနေခဲ့ကြပါတယ်။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို အမ်မာ ဆွတ်ခူးသွားချိန်မှာ အန်ဒရူးက မတ်တပ်ရပ် ဂုဏ်ပြုကာ အားရပါးရ လက်ခုပ်တီးခဲ့ပါတယ်။

ရိုင်ယန်ရေးနိုးက Deadpool ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပေမဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲဟာ La La Land အတွက်ဖြစ်သွားခဲ့တဲ့ကာ ရိုင်ယန်ဂေါ့စလင်းက ဆုရရှိသွားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ