International Celebrity: မိုင်လီဆိုင်းရက်စ်နဲ့ လီယမ်ဟမ်းဆွက်သ် လက်ထပ်လိုက်ပြီလား

New Year Eve မှာ တိတ်တဆိတ်လက်ထပ်လိုက်တယ်လို့ ယူဆရပါတယ်။

play

 

မိုင်လီဆိုင်းရက်စ်နဲ့ လီယမ်ဟမ်းဆွက်သ်တို့ဟာ သူတို့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အရိပ်အမြွတ်မျှသာ ပြကာ အမြဲတမ်း ခန့်မှန်းခိုင်းတတ်ပါတယ်။ အခုလည်း မိုင်လီဟာ သူတို့နှစ်ဦး လက်ထပ်လိုက်ပြီလို့ အဓိပ္ပာယ်ရတဲ့ စာမျိုးကို ရေးသားလိုက်ပြန်ပါတယ်။

မိုင်လီနဲ့ လီယမ်တို့ ပြန်လည်အဆင်ပြေသွားတာ အခုဆိုရင် တစ်နှစ်ကျော် ရှိနေပါပြီ။ မိုင်လီက လီယမ်ပေးခဲ့ဖူးတဲ့ စေ့စပ်လက်စွပ်ကို ဝတ်ထားတာကို အင်စတာဂရမ်မှာ မြင်တွေ့ခဲ့ရပြီးတဲ့နောက် သူတို့နှစ်ဦးဟာ လူမြင်သူမြင် တွဲသွားတွဲလာလုပ်တာ ပိုမိုများပြားလာပါတယ်။ ညစာ အတူစားကြတာတွေ၊ သူတို့ရဲ့တိရစ္ဆာန်လေးတွေနဲ့ ပျော်မြူးနေတာတွေ စတဲ့ သူတို့နှစ်ယောက် အဆင်ပြေနေတဲ့ ဓာတ်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာမှာ ဆက်တိုက်မြင်တွေ့နေရပါတယ်။

A photo posted by Miley Cyrus (@mileycyrus) on

 

သူတို့နှစ်ယောက် အမြဲမခွဲမခွာ အတူရှိနေကြပေမဲ့ ဒုတိယအကြိမ်မြောက် ပြန်လည် စေ့စပ်လိုက်သလား ဒါမှမဟုတ် လက်ပဲ လက်ထပ်လိုက်ပြီလားဆိုတာကိုတော့ နှစ်ယောက်စလုံးက အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

မိုင်လီနဲ့ လီယမ်ဟာ ၂၀၁၇ ခုနှစ်ကို အနမ်းတွေနဲ့ ကြိုဆိုခဲ့သလို နှစ်ဖက်မိဘတွေနဲ့လည်း ဓာတ်ပုံအတူ ရိုက်ခဲ့ကြပါတယ်။

မိုင်လီရဲ့မိခင်နဲ့ လီယမ်ရဲ့အမေအပါအဝင် လီယမ်ရဲ့မိသားစုနဲ့ ပွေ့ဖက်နေပုံကို မိုင်လီက အင်စတာဂရမ်မှာ တင်ခဲ့ပြီး  "Family! #inlaws (no law)." လို့ စာရေးသားခဲ့ပါတယ်။

play

 

In-laws ဆိုတာက အိမ်ထောင်ဖက်တွေဖြစ်သွားမှသာ ရည်ညွှန်းရတဲ့စကားဖြစ်တဲ့အတွက် သူတို့နှစ်ဦးဟာ ခင်ပွန်းနဲ့ ဇနီးတွေ ဖြစ်သွားကြပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေပါတယ်။

သူတို့နှစ်ဦး လျှို့ဝှက်လက်ထပ်ထားကြတယ်လို့ NW မဂ္ဂဇင်းမှာလည်း ဖော်ပြထားပါတယ်။

"အားလပ်ရက်မှာ လီယမ်ရဲ့မိသားစုရောက်လာတယ်။ မိုင်လီဆိုင်းရက်စ်ရဲ့မိသားစုကလည်း ရှိနေတယ်။ အားလုံးရှိနေတော့ အထူးတလည် စီစဉ်စရာမလိုတော့သလို ဖြစ်သွားတယ်" လို့ ယင်းမဂ္ဂဇင်းက ရေးသားဖော်ပြထားပါတယ်။

မိုင်လီက သူတို့ရဲ့ဆက်ဆံရေး ဘယ်လိုနေမလဲဆိုတာကို လက်မထပ်ခင်သိချင်တဲ့အတွက်  ၂၀၁၇ မှာ လီယမ်နဲ့ ဇာတ်ကားအတူ ရိုက်ချင်တယ်လို့ သတင်းပေးတစ်ဦးက ပြောခဲ့ဖူးပါတယ်။

"မိုင်လီက ကွာရှင်းတာတွေ မလုပ်ချင်ဘူး။ ထာဝရတည်မြဲမယ်ဆိုတာ သေချာမှ သူက လက်ထပ်ချင်တာ" လို့ ထိုသတင်းပေးက ပြောခဲ့ပါတယ်။

ဒါပေမဲ့ မိုင်လီဟာ ၂၀၁၇ ခုနှစ်မကုန်ခင်မှာပဲ သူတို့အချစ်ဟာ ထာဝရတည်မြဲမယ်လို့ သိရှိသွားလေသလားပါပဲ။

Source & Photos : J14

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ