International Celebrity: ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်ကုမ္ပဏီ ဒေါ်လာ ၅.၅ သန်းကျော် အရှုံးပေါ်

ဒေးဗစ်ဘက်ခမ်းရဲ့ကုမ္ပဏီဆီက ငွေတွေ ချေးထားပါသေးတယ်။

play

 

Spice Girls အဖွဲ့ဝင်အဖြစ်ကနေ ဖက်ရှင်ဒီဇိုင်နာဘဝကို ကူးပြောင်းခဲ့တဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်လုပ်ငန်းဟာ ခင်ပွန်းဖြစ်သူ ဒေးဗစ်ဘက်ခမ်းရဲ့လုပ်ငန်းတွေကနေ ဒေါ်လာ ၈ သန်း ယူသုံးထားပေမဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

play

 

ဗစ်တိုးရီးယားဟာ ကုမ္ပဏီရဲ့ငွေစာရင်းကို တင်ပြရန် ပျက်ကွက်တဲ့အတွက် လုပ်ငန်းပိတ်သိမ်းရနိုင်တယ်လို့ သတိပေးခံရကြောင်း သိရှိရပြီး ရက်အနည်းငယ် အကြာမှာ သူမ ငွေကြေးအခက်အခဲကြုံနေရတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ Victoria Beckham Ltd ဖက်ရှင်ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ ဗစ်တိုးရီးယားဟာ ၂၀၁၅ ခုနှစ်မှာ အမြတ်ငွေ ဒေါ်လာ ၄၄ သန်းရရှိခဲ့တယ်လို့ ဆိုပေမဲ့ မနှစ်တုန်းက ဒေးဗစ်ဟာ ယင်းကုမ္ပဏီကို ဒေါ်လာ ၆ သန်း လွှဲပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

play

 

ဒါပေမဲ့ Beckham Brand Holdings ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တစ်ဦးကတော့ ဒါဟာ  သူတို့ရဲ့လုပ်ငန်း လည်ပတ်မှုနဲ့ ပတ်သက်ပြီး မှားယွင်းဖော်ပြမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

"'ဗစ်တိုးရီးယား၊ ဒေးဗစ်နဲ့ Simon Fuller’s XIX တို့ အညီအမျှ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီ (Beckham Brand Holdings) တစ်ခု ရှိတယ်။ အဲဒီကုမ္ပဏီက ဘက်ခမ်းရဲ့လုပ်ငန်းအားလုံးကို ကွပ်ကဲရတယ်" လို့ ယင်းကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

play

 

ဗစ်တိုးရီးယားဟာ လခအများဆုံးရ ဒါရိုက်တာဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ ၈.၅ သိန်းရကာ ကျန်တဲ့ ဝန်ထမ်းအားလုံးရဲ့လစာစုစုပေါင်းက ဒေါ်လာ ၉ သန်းခန့်ရှိတယ်လို့ သိရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ