International Celebrity: ဇနီးဟောင်းရဲ့ ချစ်ခင်မှုကို ရရှိဆဲဖြစ်တဲ့ ရစ်သစ်ရိုရှန်

ဘောလိဝုဒ်မင်းသား ရစ်သစ်ရိုရှန်ဟာ ဒီနေ့မှာ ၄၃ နှစ်ပြည့်သွားပါတယ်။

play

 

ဇန်နဝါရီလ ၁၀ ရက်နေ့က ဘောလိဝုဒ်မင်းသား ရစ်သစ်ရိုရှန်ရဲ့ ၄၃ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ အက်ရှေကူးမား၊ ရှာဟစ်ကက်ပူးနဲ့ ရမ်မီဂေါ်သန်တို့လို ဘောလိဝုဒ်အကျော်အမော်တွေအပြင် သူ့ရဲ့ဇနီးဟောင်း  interior designer ဆူဆန်ခန်ကလည်း သူ့ကို မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ရစ်သစ်နဲ့ ကွာရှင်းခဲ့တဲ့ ဆူဆန်ဟာ သူတို့နှစ်ယောက်တွဲပုံကို အင်စတာဂရမ်မှာတင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Happiest happy birthday to you #emo#8J+miw==###sacrecoeur #happiestsoulsaretheprettiest #limitless

A post shared by Sussanne Khan (@suzkr) on

 

သူတို့နှစ်ယောက်ဟာ သားတွေဖြစ်တဲ့ ဟရီဟန်၊ ဟရစ်ဟန်တို့နဲ့အတူ ဒူဘိုင်းမှာ နှစ်သစ်ကို အတူဖြတ်ကျော်ခဲ့ကြပါသေးတယ်။ ဆူဆန်နဲ့ ရစ်သစ်ကို အခုနောက်ပိုင်းမှာ မကြာခဏ အတူတူ မြင်တွေ့နေရပါတယ်။

ရစ်သစ်ဟာ သားတွေနဲ့အတူ အယ်လ်ပိုင်းတောင်တန်းတွေဆီ ခရီးထွက်ပြီးနောက် ဒူဘိုင်းမှာ ဇနီးဟောင်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

play

 

သူတို့နှစ်ဦး လမ်းခွဲခဲ့တာ ၂ နှစ်ကျော် ရှိပြီဖြစ်ပေမဲ့ ပွဲတော်တွေနဲ့ မွေးနေ့တွေမှာ သားတွေနဲ့အတူ မိသားစုလိုက် အချိန်ကုန်ဆုံးလေ့ရှိပြီး မိတ်ဆက်တွေအဖြစ် ဆက်လက်တည်ရှိနေခဲ့ကြပါတယ်။

Source & Photos : indianexpress

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ