International Celebrity: လက်ဝှေ့ထိုးဖို့ နေရာရွေးပြီးပြီဖြစ်တဲ့ ခရစ္စဘရောင်းနဲ့ ဆိုဂျာဘွိုင်း

ဒူဘိုင်းမှာ လက်ဝှေ့ထိုးကြမှာပါ။

play

 

အမေရိကန်ပြည်ထောင်စု၊ လက်စ်ဗီးဂက်စ်မှာ နေထိုင်ကြတဲ့ ရက်ပါနှစ်ဦး ဖြစ်တဲ့ ခရစ္စဘရောင်းနဲ့ ဆိုဂျာဘွိုင်းဟာ သူတို့နှစ်ဦးရဲ့ ရန်ပွဲကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ ဖြေရှင်းကြမှာ ဖြစ်ပြီး နေရာကိုတော့ ဒူဘိုင်းကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

လက်စ်ဗီးဂက်စ်ဆိုတာ ကမ္ဘာ့လက်ဝှေ့မြို့တော်လို့ လူသိများတဲ့နေရာပါ။ ဒါဆို ဘာလို့ အသက် ၂၇ နှစ်အရွယ် ခရစ္စဘရောင်းနဲ့ အသက် ၂၆ နှစ်အရွယ် ဆိုဂျာဘွိုင်းတို့ဟာ ဘာလို့ လက်စ်ဗီးဂက်စ်ကို မရွေးချယ်တာလဲ။ အသက် ၅၀ အရွယ် မိုက်တိုင်ဆန်နဲ့ အသက် ၃၉ နှစ်အရွယ် ဖလွိုက်ဒ်မေဝယ်လ်သာတို့က လက်ဝှေ့ပွဲအတွက် ခွင့်ပြုမိန့်ရဖို့ လမ်းညွှန်ချက်တွေ၊ စည်းမျဉ်းစည်းကမ်းအကြောင်း ပြောခဲ့ကြပါတယ်။

play

 

ကမ္ဘာကျော်လက်ဝှေ့သမားတွေက ဖိုက်တာနှစ်ယောက်စလုံးကို သေချာ လေ့ကျင့်ပေးထားတာ ဖြစ်ပေမဲ့ အမေရိကမှာ လက်ဝှေ့ထိုးဖို့ဆိုတာဟာ တရားဥပေဒအရ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် သူတို့ဟာ တခြားနိုင်ငံတစ်နိုင်ငံကို ရွေးချယ်ဖို့ ဖြစ်လာပြီး ဒူဘိုင်းကို နှစ်ယောက်စလုံး အရင်တွေးမိလိုက်ကြပါတယ်။

တခြားနိုင်ငံအထိ သွားပြီး ရန်ပွဲကိုရှင်းဖို့ဆိုတာ တခြားသူတွေအတွက်တော့ ထိုက်တန်ချင်မှ ထိုက်တန်မှာ ဖြစ်ပေမဲ့ သူတို့နှစ်ယောက်ကတော့ တန်ပါတယ်။ ခရီးသွားရတဲ့အတွက် ခရီးပန်းပြီး လက်ဝှေ့ထိုးချိန်မှာ ခြေကုန်လက်ပန်းကျနေနိုင်ပေမဲ့  သူတို့နှစ်ယောက်အတွက် ထိုက်တန်တဲ့အကြောင်းပြချက်အများကြီး ရှိနေပါတယ်။

play

 

ခရစ္စဘရောင်းနဲ့ ဆိုဂျာဘွိုင်းတို့ရဲ့ လက်ဝှေ့ပွဲကို ရုပ်သံလွှင့်ဌာနကို ရောင်းချမှာ ဖြစ်တဲ့အတွက် ဒေါ်လာ သန်းနဲ့ချီပြီးရမှာ သေချာပါတယ်။

"လက်ဝှေ့ပွဲကို ရန်ပုံငွေအဖြစ် လှူဒါန်းမယ်လို့ နှစ်ယောက်စလုံးက ကြေညာထားတယ်။ ဒါပေမဲ့ သူတို့အတွက်လည်း ယူလိမ့်မယ်။ ရန်ပုံငွေအတွက်လှူလည်း ကုန်ကျစရိတ်တွေကိုတော့ အဲဒီကနေ ယူနိုင်သေးတာပဲလေ" လို့ သတင်းပေးက ပြောခဲ့ပါတယ်။

Source & Photos : Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ