International Celebrity: စတားလုံးရဲ့သမီးလတ် စစ္စတင်းရဲ့ အလန်းစားဗီဒီယို

Love မဂ္ဂဇင်းရဲ့ ပြက္ခဒိန်အတွက် ရိုက်ကူးပေးနေတာပါ။

စစ္စတင်းစတားလုံးရဲ့ Love Advent Calendar ဗီဒီယို
play

 

စစ္စတင်းဟာ စတားလုံးရဲ့ သမီးချော ၃ ဦးထဲက တစ်ဦးဖြစ်ပေမဲ့ အသက် ၁၈ နှစ်အရွယ် မိန်းမချောလေးဟာ အလျင်အမြန်ကို နာမည်ကြီးလာမယ့် သူတစ်ယောက်ပါ။

Love ပြက္ခဒိန်ရဲ့ မော်ဒယ်အဖြစ် နောက်ဆုံးပါဝင်လာတဲ့ သူမဟာ ဇာအတွင်းခံလေးဝတ်လို့ သီချင်းနဲ့အတူ ကပြနေတဲ့ ဗီဒီယိုဖိုင်ဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။

play

 

စစ္စတင်းဟာ မော်ဒယ်ဖြစ်တဲ့ မိခင် ဂျနီဖာဖလာဗင်းရဲ့ ခြေရာကို နင်းကာ ထိပ်တန်းမော်ဒယ်တစ်ယောက်အဖြစ် မြင်တွေ့ရပါတယ်။

play

 

ကျွမ်းကျင်မော်ဒယ်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ခရစ္စတင်းဟာ ကင်မရာကို ရဲရဲကြည့်လို့ စွဲမက်ဖွယ် ဖက်ရှင်၊ ဆွဲဆောင်မှုအပြည့်ရှိတဲ့ လှုပ်ရှားမှုတွေနဲ့ ရိုက်ကူးသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့က သူမကို ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပရိသတ်တွေမြင်တွေရဲ့ပုံစံနဲ့ လုံးဝကွာခြားသွာါးတယ်။

ခရစ္စတင်းဟာ သူမရဲ့ အသက် ၁၄ နှစ်အရွယ် ညီမ စကားလတ်၊ အသက် ၂၀ အရွယ် အစ်မ ဆိုဖီယာတို့နဲ့အတူ ဇန်နဝါရီလ ၈ ရက် (တနင်္ဂနွေနေ့) က ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရွှေကမ္ဘာလုံးအလှမယ်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

play

 

ရွှေကမ္ဘာလုံးဆုပေးပွဲဟာ Miss Golden Globe တစ်ဦးတည်းကိုသာ ရွေးချယ်တာ ဖြစ်တဲ့အတွက် သူတို့ ၃ ဦးဟာ ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ ပထမဆုံး တွဲဖက် Miss တွေ အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

"တစ်ခုခုမှာ ပထမဆုံးဖြစ်ရတာ ကောင်းပါတယ်" လို့ ဂုဏ်ယူနေတဲ့ ဖခင် စတားလုံးက ပြောခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ