International Celebrity: အာဆင်နယ်ဘောလုံးသမားနဲ့ ချစ်သူတွေဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ပယ်ရီအက်ဒ်ဝက်

ချစ်စဖွယ်ဓာတ်ပုံလေးတစ်ပုံနဲ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ် ရွယ်တူတွေ ဖြစ်ကြတဲ့ Little Mix အဆိုတော် ပယ်ရီအက်ဒ်ဝက်နဲ့ အာဆင်နယ်ဘောလုံးသမား အဲလက်စ်အောက်ဇလိတ်ချိန်ဘာလိန်တို့ဟာ ပြီးခဲ့တဲ့အပတ်ကမှ အင်စတာဂရမ်မှာ အပြန်အလှန် Follow လုပ်ခဲ့ကြပြီး အခု ချစ်သူတွေဖြစ်ကြောင်း လူသိရှင်ကြား ကြေညာလိုက်ပါတယ်။

ညစာစားပြီးတဲ့နောက် ပယ်ရီရဲ့အိမ်ထဲမှာ အဲလက်စ်ဟာ ခွေးလေးတွေနဲ့အတူ ထမင်းစားပွဲမှာ ထိုင်နေတဲ့ ဓာတ်ပုံကို ပယ်ရီက သူမရဲ့အင်စတာဂရမ်ကနေ မျှဝေခဲ့တာ ဖြစ်ပါတယ်။

 

ပယ်ရီအက်ဒ်ဝက်ဟာ အာဆင်နယ်ဘောလုံးသမားနဲ့ တွဲနေတာ ကြာပြီဖြစ်ပေမဲ့ WAG တစ်ယောက်အဖြစ် လူသိခံချင်ပုံမရပါဘူး။ သူမဟာ အဲလက်စ်နဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကတည်းက စတွဲခဲ့ပြီး အာဆင်နယ်ဘောလုံးပွဲတွေကို လိုက်လံအားပေးခဲ့ပေမဲ့ ချစ်သူအဖြစ်တော့ လူသိမခံခဲ့ပါဘူး။

"ပယ်ရီက သူ့အချစ်ရေးကို ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအဖြစ်သာ ထားချင်တယ်။ WAG တစ်ယောက်ရဲ့ပုံစံမျိုး မဖြစ်ချင်ဘူး" လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

play

 

"အခုက စောသေးသလို သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် သိအောင် ကြိုးစားတုန်းပဲလေ။ အဲလက်စ်ကလည်း ပယ်ရီရဲ့သဘောထားကို အပြည့်အဝ ထောက်ခံတယ်။ သူကိုယ်တိုင်ကလည်း ဘောလုံးသမားတစ်ယောက်လို့ပဲ လူသိခံချင်တာ။ ပေါ့ပ်အဆိုကျော်တစ်ယောက်ရဲ့ ချစ်သူအဖြစ် လူသိခံချင်တာ မဟုတ်ဘူး" လို့ ထိုသူက ပြောပြခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ