International Celebrity: ရိုင်ယန်ရေးနိုးနဲ့ နမ်းပြီး နောက်ထပ်အမျိုးသားတစ်ဦးကို နမ်းလိုက်ပြန်တဲ့ အန်ဒရူးဂါဖီးဒ်

ရုပ်သံအစီအစဉ်မှူး စတီဖင်ကိုဘာ့တ်နဲ့ အနမ်းခြွေလိုက်ပြန်ပါပြီ။

ရိုင်ယန်ရေးနိုးနဲ့ စတီဖင်ကိုဘာ့တ်ကို အနမ်းပေးခဲ့တဲ့ အန်ဒရူးဂါဖီးဒ်
play

 

စူပါဟီးရိုးသရုပ်ဆောင်တွေဖြစ်တဲ့ Spider-Man မင်းသား အန်ဒရူးဂါဖီးဒ်နဲ့ Deadpool မင်းသား ရိုင်ယန်ရေးနိုးတို့ရဲ့ 2017 Gloden Globes က အနမ်းထက် ဆက်စီပိုကျတဲ့ အနမ်းမျိုး ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ အန်ဒရုးဟာ ရုပ်သံအစီအစဉ်မှူး စတီဖင်ကိုဘာ့တ်နဲ့ ပိုမိုရင်ဖိုဖွယ်ကောင်းတဲ့ အနမ်းတစ်ခုကို ထပ်ပြီး နမ်းပြလိုက်ပြန်ပါတယ်။

ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရိုင်ယန်ဂေါ့စလင်းက အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို တက်ယူစဉ်မှာ အသက် ၃၃ နှစ်အရွယ် အန်ဒရူးဂါဖီးဒ်ဟာ အသက် ၄၀ ရွယ် ရိုင်ယန်ရေးနိုစ်နဲ့ အနမ်းခြွေနေတာကို အားလုံးကို တွေ့မြင်ပြီးကြပြီးဖြစ်မှာပါ။ အဲဒီအကြောင်းကို အသက် ၅၂ နှစ်အရွယ် ရုပ်အသံအစီအစဉ်မှူးနဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ Late Show မှာ ပြောခဲ့ကြတာပါ။

"ခင်ဗျား Golden Globe မှာ ဆန်ခါတင်စာရင်းဝင်ခဲ့တယ်နော်။ ဒါပေမဲ့ ဆုမရခဲ့ဘူး။ အဲဒီအတွက် စိတ်မကောင်းပါဘူး" လို့ စတီဗင်က အန်ဒရူးကို ပြောပြီး ရှိုးကို စတင်ခဲ့ပါတယ်။

play

"အဲဒီအကြောင်းကို အစဖော်ပေးတဲ့အတွက် ကျေးဇူးပါပဲဗျာ" လို့ အန်ဒရူးက နောက်ပြောင်ခဲ့ပါတယ်။

"အမှတ်တရအချိန်လည်း ရှိခဲ့တယ်နော်။ Golden Globe မှာ ရိုင်ယန်ရေးနိုးနဲ့အတူထိုင်ပြီး ရိုင်ယန်ဂေါ့စလင်း ဆုတက်ယူစဉ်မှာ ခင်ဗျားနဲ့ ရိုင်ယန်ရေးနိုးကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စလေ"  လို့ စတီဖင်က ဆိုခဲ့ပါတယ်။

ဘာဖြစ်တာလဲလို့ စတီဖင်က မေးချိန်မှာ " သူ ဆုရရ မရရ ကျွန်တော် သူ့ကို ချစ်တယ်ဆိုတာကို ရိုင်ယန်ကို သိစေချင်ရုံပါ။ ကိစ္စမရှိဘူး..ကစားပွဲဆိုတာ ဒီလိုပဲ။ သူ အတတ်နိုင်ဆုံး ပြခဲ့တယ်။ ကျွန်တော့်နှလုံးသားထဲမှာ ဘာမှ မပြောင်းလဲဘူးဆိုတာ သူ့ကို ပြောပြခဲ့တယ်" လို့ အန်ဒရူးက ဆိုခဲ့ပါတယ်။

"အမျိုးသားတစ်ယောက်ကို နမ်းရတာ ဆင်ပြေရဲ့လား" လို့ စတီဖင်က အန်ဒရူးကို မေးခဲ့ပါတယ်။

play

 

"အဲဒီမေးခွန်းကို ကျွန်တော် နားမလည်ဘူး။ ကျွန်တော် အဆင်မပြေပါဘူး။ ဘယ်သူမှလည် အဆင်ပြေမှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒါကို ကျွန်တော် သက်သောင့်သက်သာပဲ လုပ်နိုင်ခဲ့တယ်။ ဒီအချိန်မှာ ဘာမှမရှိဘူးဆိုတာကို ခင်ဗျားကို သိစေချင်တယ်" လို့ ပြောပြီး အန်ဒရူးက စတီဖင်ကို အနမ်းပေးလိုက်တာ ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ