International Celebrity: ချစ်စဖွယ် သားဦးလေးကို ပြသလိုက်တဲ့ ချယ်ရီနဲ့ လီယမ်ပင်န်း

ပြီးခဲ့တဲ့အပတ်ကတည်းက လူမသိအောင် တိတ်တိတ်လေး မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ချယ်ရီဟာ သူမချစ်သူ အသက် ၂၃ နှစ်အရွယ် One Direction အဆိုတော် လီယမ်က သားလေးကို ပွေ့ဖက်နေပုံကို အင်စတာဂရမ်ကနေ မျှဝေခဲ့ရင်း သားဦးလေးကို မွေးဖွားလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

play

 

ချယ်ရီဟာ နာမည်အကြီးဆုံး ဆယ်လီတစ်ဦးဖြစ်ပေမဲ့ သူမရဲ့ကိုယ်ဝန်ကို ၈ လကြာ လူမသိအောင် ဖုံးကွယ်ခဲ့လို သားဦးလေးကို တိတ်တိတ်လေး မွေးဖွားခဲ့ပါတယ်။ မတ်လ ၂၆ ရက်နေ့မှာတော့ X Factor ဒိုင်ဟောင်း ချယ်ရီဟာ လန်ဒန်မှာရှိတဲ့ Chelsea and Westminster ဆေးရုံရှိ သီးသန့်ဆောင်မှာ ပြီးခဲ့တဲ့အပတ် (မတ်လ ၂၂ ရက်နေ့) က သားယောက်ျားလေး ဖွားမြင်ခဲ့တာလို့ သိရပါတယ်။

အရမ်းကို ဂုဏ်ယူဝံ့ကြွားနေတဲ့ အသစ်ဆက်ဆက်ဖခင်လေး လီယမ်ကလည်း အဲဒီဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်ကနေ မျှဝေခဲ့ပါတယ်။

"ကျွန်တော် ဘာပြောလို့ပြောရမှန်းမသိတဲ့ အချိန်က အတော်နည်းပါတယ်ဆိုတာ ကျွန်တော်နဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ မိသားစု သိပါတယ်။ ကမ္ဘာလောကကြီးထဲရောက်လာတဲ့ ကျွန်တော်တို့ရဲ့ ကလေးလေးကို ကြိုဆိုရတာ အရမ်းအရမ်းကို ပျော်မိတယ်။ ကျွန်တော့်တစ်ဘဝလုံး ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့အချိန်လေးပါ။ ကျွန်တော့်တစ်ဘဝလုံးမှာ ခုချိန်အထိ နှစ်ခြိုက်ရဆုံး ကာလလေးပါ" လို့ လီယမ်က ရေးသားခဲ့ပါတယ်။

 

သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းက ၂၀၁၆ ခုနှစ် နှစ်စကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ဖေဖော်ဝါရီလကျမှ မီဒီယာတွေရဲ့ ဖော်ထုတ်မှုကြောင့် လူသိရှင်ကြားဖြစ်လာခဲ့တာပါ။

ပထမဆုံးခင်ပွန်းဖြစ်တဲ့ အက်ရှလေကိုးလ်နဲ့ ၂၀၀၆ ကနေ ၂၀၁၀ အထိ လက်တွဲခဲ့တဲ့ ချယ်ရီဟာ ၂၀၁၄ ခုနှစ်မှာ ဒုတိယအိမ်ထောင်ထူခဲ့ကာ ဂျင်းန်ဘာနာ့တ်ဒက်ဇ်နဲ့ လမ်းခွဲပြီး သိပ်မကြာခင် လီယမ်နဲ့ တွဲခဲ့တာဖြစ်ပါတယ်။ ကွာရှင်းပြတ်ဆဲမှုကိုတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလကမှ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

အိမ်ထောင် ၂ ဆက်စလုံးနဲ့ ကလေးယူဖို့ စိတ်မကူးခဲ့တဲ့ ချယ်ရီဟာ လီယမ်နဲ့တွဲပြီး သိပ်မကြာခင် ကလေးယူဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူတို့နှစ်ယောက်ရဲ့အချစ်ဟာ ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ