International Celebrity: လေဆိပ်မှာ အိတ်အခိုးခံလိုက်ရတဲ့ ဂျွန်လဲဂျန့်

အိတ်ချည်းပဲ ဒေါ်လာ ၃,၀၀၀ တန်ကြေးရှိပါတယ်။

ဂျွန်လဲဂျန်နဲ့ ခရစ်ဆီတိုင်ဂန်တို့ရဲ့ အားလပ်ရက်အပန်းဖြေခရီးဟာ သူတို့ထင်မှတ်ခဲ့သလို ပျော်စရာအဆုံးသတ် မဖြစ်ခဲ့ရပါဘူး။

play

 

John F. Kennedy အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မတ်လ ၂၃ ရက်နေ့က ဂျွန်လဲဂျန့်ရဲ့အိတ်ကို ခိုးယူမှုနဲ့ အမျိုးသားတစ်ဦးကို ခိုးမှုနဲ့ တရားစွဲဆိုထားလိုက်ပါပြီ။

အစပိုင်းမှာ ဂျွန်လဲဂျန့်တစ်ယောက် ဓားပြတိုက်ခံရတယ်လို့ သတင်းတွေထွက်ခဲ့ပြီး ယင်းသတင်းမမှန်ကန်ကြောင်း ဂျွန်လဲဂျန့်က တွစ်တာကနေ ဖြေရှင်းခဲ့ပါတယ်။

 

"အဲဒါဟာမမှန်ပါဘူး။ ကျွန်တော်တို့က ယုံကြည်ရတဲ့ ကားဝန်ဆောင်မှုကိုသုံးတာပါ။ ကျွန်တော့်ကို ဓားပြတိုက်တာမဟုတ်ပါဘူ။ ကျွန်တော်တို့ရဲ့ Delta ကြိုဆိုသူက မှားယွင်းပြီး အိတ်ကို လှည်းပေါ်မှာ ချန်ထားမိခဲ့တာပါ။ အိတ်က ပိုင်ရှင်မဲ့ကျန်ခဲ့လို့ ယူသွားခံလိုက်ရတာပါ။ လေဆိပ်ရဲတွေက အိတ်ကို ဖမ်းမိတဲ့သူကို (စီစီတီဗီကနေ) ဖမ်းမိခဲ့ပြီး ကျွန်တော့်အိတ်ကို ပြန်ယူပေးခဲ့ပါတယ်" လို့ ဂျွန်လဲဂျန့်က တွစ်တာကနေ ဖြေရှင်းထားပါတယ်။

play

 

ဂျွန်လဲဂျန့်ဟာ ပါရီမြို့ကနေ နယူးယော့ခ်ကို ပြန်ရောက်ရှိလာတာဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူ တိုင်ဂန်နဲ့ သမီး လူနာတို့နဲ့အတူ မော်ရိုကိုကို မိသားစုအပန်းဖြေခရီး ထွက်ခဲ့ကြတာပါ။ ဂျွန်လဲဂျန့်ရဲ့ ဒေါ်လာ ၃,၀၀၀ တန် Louvis Vuitton ကို အသက် ၆၃ နှစ်အရွယ် အော်စတင်ဟီလာရီယိုဆိုသူက ယူသွားခဲ့တာဖြစ်ပြီး အထဲမှာ ဒေါ်လာ ၂၅,၀၀၀ တန် Cartier ရှပ်အင်္ကျီလက်ကြက်သီးတွေနဲ့ အခြား ကိုယ်ရေးကိုယ်တာပစ္စည်းတွေ ပါတယ်လို့ သိရပါတယ်။

 

Source & Photos : smh

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ